Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ဆေးရုံအနီးကို စစ်ကောင်စီ ဗုံးထပ်ကြဲ

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၇ရက်) မနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံအချို့က အသိပေးသည်။

မိုးကုတ်မြို့ဆေးရုံအနီးကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ မီးခိုးများထွက်နေစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၁၇၊၂၀၂၅။​နေ့သစ်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် မိုးကုတ်မြို့ကိုစစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၇ရက်) မနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံအချို့က အသိပေးသည်။

ယနေ့ မနက် ၉နာရီခန့်တွင် မိုးကုတ်အရှေ့ပိုင်း ဆေးရုံကြီးအနီးအပါအဝင် နေရာ ၂နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုးကုတ်မြို့ အရှေ့ပိုင်းရော အနောက်ပိုင်းကိုပါ ဗုံးကြဲခြင်းဖြစ်ပြီးနောက်ထပ်လေယာဉ်လည်း ဝဲနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ဈေးဟောင်းရပ်ကွက်ထဲရောဆေးရုံနားရော၊ နောက်ပြီးမိုးကုတ်မြို့အရှေ့ပိုင်းရောအနောက်ပိုင်းကိုပါကြဲသွားတာ။ဘယ်လိုစိတ်နဲ့ ကြဲနေတယ်မသိဘူး”ဟု ၎င်းကပြောသည်။

လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်းရုပ်သံကိုလည်း ဒေသခံအချို့က လူမှုကွန်ရက်တွင် ဖော်ပြ အသိပေးသည်။

ဗုံးကြဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် လေးဦးသေဆုံးထားကြောင်း ဒေသခံအချို့ပြောသည်။ သို့​သော်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို အတည်မပြုနိုင်​သေးဘဲ People’s Spring ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၄ရက်ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ လင်းရောင်ခြည် ဘုန်းကြီးကျောင်းကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ၂၁ ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့ဟု TNLAက ထုတ်ပြန်ထားသည်။

ထို့ပြင် ဩဂုတ် ၉ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းရှိ ကျောက်နဂါးဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်အပါအဝင် ၅ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် မိုးကုတ်မြို့အပါအဝင် TNLA ထိန်းချုပ်မြို့ရွာများကို လေကြောင်းစစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇွန်လမှ ယခုဩဂုတ်အထိ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ပြည်သူ ၈၀ခန့်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

Facebook