Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရပ်စဲရေး အားထုတ်မှုတွေ ရှုပ်ထွေးအောင် ရုရှားက တမင်လုပ်နေတယ်လို့ ယူကရိန်း သမ္မတပြော

ရုရှားဟာ စစ်ရပ်စဲရေး အားထုတ်မှု မှန်သမျှကို ရှုပ်ထွေးအောင် တမင်လုပ်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

AFP

ရုရှားဟာ စစ်ရပ်စဲရေး အားထုတ်မှု မှန်သမျှကို ရှုပ်ထွေးအောင် တမင်လုပ်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲကို ရပ်ဆိုင်းစေဖို့ အလာစကာမှာ ဩဂုတ်လ ၁၅ ရက်နေ့က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် ဘယ်လို သဘောတူညီမှုမှ မရရှိဘဲ အဆုံးသတ်ခဲ့တဲ့နောက် ဇီလန်စကီးက အခုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်တိုင်းကို ရုရှားက ပယ်ချခဲ့တာ အကြိမ်ကြိမ် တွေ့ထားကြပြီး ဖြစ်ကြောင်း၊ ရုရှားဟာ သူတို့ရဲ့ သတ်ဖြတ်မှုတွေကို ဘယ်အချိန်မှာ ရပ်တန့်မှာလဲ ဆိုတာကိုလည်း စိတ်ပိုင်းဖြတ်ရသေးပုံ မပေါ်ကြောင်း၊ အဲဒီ မရေရာမှုတွေကြောင့်ပဲ ကိစ္စတွေက ပိုရှုပ်ထွေးကုန်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဇီလန်စကီးဟာ လာမယ့်သီတင်းပတ်မှာ အမေရိကန်ကို သွားရောက်ပြီး ထရမ့်နဲ့ တွေ့ဆုံမှာပါ။ ထရမ့်ကတော့ သူဟာ ရုရှားဖက်က တောင်းဆိုထားတဲ့ အချက်တွေကို လိုက်လျောလက်ခံစေဖို့ ဇီလန်စကီးကို တိုက်တွန်း တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး သူ့စိတ်ကူးအရ ယူကရိန်းမှာ ယာယီ အပစ်အခတ် ရပ်ဆိုင်းတယ် ဆိုတဲ့အဆင့်ကို ကျော်ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု တိုက်ရိုက် ရရှိသွားစေဖို့ ပိုမိုလိုလားကြောင်းလည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthကနေတဆင့် ကြေညာရာမှာတော့ ထရမ့်က အဲဒီလိုမျိုး ငြိမ်းချမ်းရေး သဘောတူညီချက်ကို တိုက်ရိုက် ပစ်မှတ်ထားခြင်းကသာ ရုရှားနဲ့ ယူကရိန်းကြားက ရက်စက်ကြမ်းတမ်းတဲ့ စစ်ပွဲကို ရပ်ဆိုင်းစေနိုင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်နိုင်ကြောင်း၊ အပစ်ရပ် သဘောတူညီမှုတွေ ဆိုတာက တည်မြဲလေ့ မရှိကြောင်း ရေးသားထားပါတယ်။ ဒါဟာ မူလက အပစ်ရပ် သဘောတူညီမှုရအောင် ဦးစားပေး ချဉ်းကပ်ခဲ့တဲ့ အမေရိကန် အစိုးရရဲ့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲလို့လည်း ဆိုနိုင်ပါတယ်။

The New York Times

ထရမ့်ဟာ ပူတင်နဲ့ တွေ့ဆုံပြီးတဲ့နောက် ဇီလန်စကီးနဲ့လည်း ဖုန်းပြောခဲ့ပါတယ်။ ဇီလန်စကီးကတော့ ယူကရိန်းဟာ စစ်မှန်ပြီး တည်မြဲတဲ့၊ သွေးဆာ သတ်ဖြတ်မှုတွေ ပြီးဆုံးသွားတဲ့ ငြိမ်းချမ်းရေးမျိုးကို လိုလားကြောင်း ထရမ့်ဆီ အသိပေးခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်က သူ့ရဲ့ ကြေညာချက်မှာတော့ အဓွန့်ရှည်ပြီး ယုံကြည်ရတဲ့ ငြိမ်းချမ်းရေးမျိုးကိုသာ ရုရှားနဲ့ ညှိနှိုင်း ရယူလိုကြောင်း၊ ပြီးတော့ ယူကရိန်းအတွက် စိတ်ချရမယ့် လုံခြုံရေး အာမခံချက်မျိုးလည်း လိုအပ်ကြောင်း ဇီလန်စကီးက မှတ်ချက်ပေးထားပါတယ်။ နောက်ပြီး အကြမ်းဖက် နယ်ချဲ့တွေ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကလေးငယ်တွေကို ယူကရိန်းဆီ ပြန်ပို့ပေးဖို့လည်း လိုတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ အခြေအနေမှာတော့ ယူကရိန်းဟာ စစ်ပွဲရပ်ဆိုင်းဖို့အတွက် နိုင်ငံပိုင်နက် နယ်မြေတွေ စွန့်လွှတ်ပေးရမယ်ဆိုတဲ့ သဘောထားမျိုးကို ခေါင်းမာမာနဲ့ ငြင်းဆိုနေဆဲပါ။ ထရမ့်ကတော့ သူကြားဝင် ညှိပေးထားတဲ့ ကမ်းလှမ်းမှုအရ ယူကရိန်းဟာ နယ်မြေတချို့ ဆုံးရှုံးခံရမှာ ဖြစ်သလို ရုရှားကလည်း လတ်တလော သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲက တချို့ကို ယူကရိန်းဆီ ပြန်ပေးဖို့ဆိုတဲ့ သဘောမျိုးကို အဆိုပြုထားတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

Facebook