Connect with us

Hi, what are you looking for?

သတင်း

ကားအစီး​ရေ၁၀၀​ကျော်ပါ​သောစစ်တပ်ယာဉ်တန်းပေါက်မှရှေ့တိုးလာ

ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်ထဲမှ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၁၃၆စီးသည် လေကြောင်းပစ်ကူယူပြီး ပေါက်မြို့နယ်မှတစ်ဆင့်ယောဒေသဘက်သို့ ဦးတည်ထွက်ခွာလာသည်။

စစ်တပ်ယာဥ်တန်းကို ဒရုန်းဖြင့်ရိုက်ကူးထားစဥ်

သြဂုတ်-၁၆၊၂၀၂၅။လူအေး/People’s Spring

ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်ထဲမှ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၁၃၆စီးသည် လေကြောင်းပစ်ကူယူပြီး ပေါက်မြို့နယ်မှတစ်ဆင့်ယောဒေသဘက်သို့ ဦးတည်ထွက်ခွာလာသည်။

အဆိုပါစစ်ယာဉ်တန်းသည် ပခုက္ကူ​မြို့မှ ဇွန်လ ၁ ရက်တွင် ထွက်လာပြီး ကမ္မမြို့ကို ဖြတ်ကာ ပေါက်မြို့နယ်အတွင်း ရောက်ရှိလာခြင်းဖြစ်သည်။

” ဒီစစ်ကြောင်းလမ်းကြောင်းကပြောရခက်တယ်။ ပခုက္ကူကနေထွက်လာတာကြာနေပြီ။ရှေ့ကိုတဖြည်းဖြည်းချင်းတိုးလာနေတာ။အခုက ပေါက်ကနေရှေ့ကိုဆက်တိုးနေတယ်။ကပစ(၂၄)ကိုလည်း ဝင်နိုင်တယ်။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖြတ်တောက်ပိတ်ဆို့ခံထားရသည့်ပေါက်မြို့နယ်မှ ကစပ(၂၄)ကို အင်အားဖြည့်နိုင်ကြောင်း ​တော်လှန်​ရေးရဲဘော်များကသုံးသပ်ထားသည်။ပေါက်မြို့ကိုကျော်ပါက ယောဒေသ ကျောက်ထုမြို့သို့ရောက်မည်ဖြစ်ပြီးထိုမှတစ်ဆင့် ယောဒေသက ဆော၊ ထီးလင်း၊ ဂန့်ဂေါ၊ ကျောမြို့တို့ကို လမ်းပေါက်သည်။

ဆောမြို့တွင်ချင်းတောင်တန်းမှ မင်းတပ်မြို့သို့သွားသည့်လမ်းလည်းရှိပြီး စစ်ကောင်စီသွားနိုင် ခြေရှိသည့်လမ်းကြောင်းကို မှန်းဆရန်မဖြစ်နိုင်သေးကြောင်း ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“အဲဒီစစ်ကြောင်းကို မဟာမိတ်တွေကပိတ်ဆို့ပြီးတိုက်ခိုက်နေတော့ သူတို့ရှေ့တိုးဖို့မလွယ်ဘူးဖြစ်နေတာ။ပွဲတွေကတောက်လျှောက်ဖြစ်နေတယ်” ဟု PDFတဦးကပြောသည်။

ဒေသတွင်း၌ အဆိုပါ စစ်ကြောင်းအပြင် ဆိပ်ဖြူမြို့နယ်ရှိကပစ (၂၂)မှစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ခန့်လည်း စစ်ကြောင်းထွက်လာကြောင်း သတင်းရရှိသည်။ ထို့အပြင် ယောဒေသမှ ကျောက်ထု၊ ထီးလင်းမြို့တို့တွင်လည်း စစ်တပ်စစ်ကြောင်းများရှိနေသည်။စစ်ကောင်စီသည်စစ်မှုထမ်းသင်တန်းဆင်းအများအပြားကို အသုံးပြု၍ စစ်ကြောင်း
ထိုးရန်ကြိုးစားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ပရဟိတအသင်းအခန်း ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံလိုက်ရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံံ(ကပစ -၂၄)မှ ဗိုလ်မှူးသော်ဇင်ဦး အား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း Earthquake People’s Defence Force က ယနေ့ (ဧပြီ ၁၁ ရက်) ထုတ်ပြန်သည်။

သတင်း

ပခုက္ကူမြို့နယ်အတွင်း လတ်တလောအခြေအနေကို ပခုက္ကူလူထုတိုက်ပွဲကော်မတီက ယနေ့ (နိုဝင်ဘာ ၂၀ရက်)တွင် သတိပေးထားခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။