Connect with us

Hi, what are you looking for?

သတင်း

Royal River Viewကွန်ဒိုမီးလောင်မှု မီးသတ်ထုတ်ပြန်ချက်နှင့် မြေပြင်အခြေအနေကွဲလွဲနေ

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းပေါ်ရှိ Royal River View ကွန်ဒိုမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က ၁၅ မိနစ်ခန့်သာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်၌ နာရီနှင့်ချီကြာမီးငြှိမ်းသတ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Royal River View ကွန်ဒိုမီးလောင်နေစဉ်။ ဓာတ်ပုံ - Lin Latt

ဩဂုတ်-၁၇၊၂၀၂၅။တေဇ/People’s Spring

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းပေါ်ရှိ Royal River View ကွန်ဒိုမီးလောင်မှုကို မီးသတ်တပ်ဖွဲ့က ၁၅ မိနစ်ခန့်သာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်၌ နာရီနှင့်ချီကြာမီးငြှိမ်းသတ်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

Royal River View ကွန်ဒိုမီးလောင်နေစဉ်။ ဓာတ်ပုံ – Lin Latt

ဩဂုတ် ၁၆ ရက် ညနေ ၆ နာရီအချိန်တွင် ၂၉ လမ်းနှင့် လမ်း ၃၀ကြား ကုန်သည်လမ်းမပေါ် Royal River Viewကွန်ဒို ဒုတိယထပ်ရှိ အခန်းတစ်ခု၌ မီးလောင်မှုဖြစ်ခဲ့ခြင်း ဖြစ်ပြီး ၁၅ မိနစ်ခန့်သာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော် မြေပြင်၌ ညနေ ၅ နာရီအချိန်ခန့်ကတည်းက ယင်းအခန်းမှ မီးခိုးများထွက်လာခြင်းဖြစ်ပြီး ည ၈နာရီကျော်သည်အထိ မီးငြှိမ်းသတ်နိုင်ရန် လုပ်ဆောင်နေသည်ကို တွေ့မြင်ရသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အဆိုပါ အဆောက်အဦး၌ အရေးပေါ် လှေခါးများလည်း မရှိသောကြောင့် မီးငြှိမ်းသတ်မှုပြုလုပ် နိုင်ရန် ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မီးသတ်တပ်ဖွဲ့အနေဖြင့် နောက်ဆက်တွဲ သတင်းထုတ်ပြန်ခြင်းမရှိသလို ၊ မီးလောင်မှုအကြောင်းအရင်းနှင့် ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးကိုလည်းထုတ်ပြန်ထားခြင်းမရှိပေ။

အဆိုပါမီးလောင်မှုဖြစ်သည့် အခန်း၌ စိတ် ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦးရှိပြီး ယင်းအခန်းသည် မီတာမဆောင်၍ လျှပ်စစ်မီး အဖြတ်ခံထားရသောကြောင့် စက္ကူ၊ ဖယောင်းတိုင်တို့ကို အသုံးပြု၍ မီးမွှေးလေ့ရှိသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဒီနေ့ (ဧပြီ၁၀)ညနေက YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊အိမ်မဲမြို့မှာဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုဖြစ်ပြီးနှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။