Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရခိုင်မှာ အငတ်ဘေး ဆိုက်လာနိုင်တဲ့ အန္တရာယ် ရှိနေကြောင်း WFP သတိပေး

စစ်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ ရခိုင်ပြည်နယ်ထဲမှာ အငတ်ဘေး ဆိုက်လာမယ့် အန္တရာယ်က ကြီးကြီးမားမား ရှိနေကြောင်း လူသားချင်း စာနာမှု ထောက်ပံ့ရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က သတိပေးခဲ့ပါတယ်။

Getty Images

စစ်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ ရခိုင်ပြည်နယ်ထဲမှာ အငတ်ဘေး ဆိုက်လာမယ့် အန္တရာယ်က ကြီးကြီးမားမား ရှိနေကြောင်း လူသားချင်း စာနာမှု ထောက်ပံ့ရေး အေဂျင်စီ တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က သတိပေးခဲ့ပါတယ်။

WFPက ရခိုင်မှာ စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်းကြီးအဖြစ် ပေါက်ကွဲထွက်လာမယ့် အခြေအနေကို ကြိုတင် တားဆီးနိုင်ရေး အရေးပေါ် ထည့်ဝင်လှူဒါန်းမှုတွေ လုပ်ဆောင်ပေးကြဖို့လည်း နိုင်ငံတကာ အလှူရှင်တွေကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာတွေ အပါအဝင် နေရပ်စွန့်ခွာ စစ်ရှောင်ရသူ အရေအတွက် တိုးပွားလာတဲ့ ပြဿနာကိုလည်း WFPက အလေးအနက် ထောက်ပြခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာ့စီးပွားရေးဟာ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်းလာပြီး ရခိုင်ကတော့ ထိခိုက်သက်ရောက်မှု အပြင်းထန်ဆုံး နယ်မြေတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ ရခိုင်ရဲ့ လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက်ကလည်း အရမ်းကြီးထွားလာပါတယ်။

ဒါပေမဲ့လည်း အာဏာသိမ်း စစ်တပ်က ရခိုင်ပြည်နယ်ရဲ့ အဝင်အထွက် လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတာကြောင့် ရခိုင်နဲ့ မြန်မာနိုင်ငံရဲ့ တခြား အစိတ်အပိုင်းတွေကြားမှာလည်း အဆက်အသွယ် ပြတ်တောက်နေပါတယ်။

Public Service Announcement

Public Service Announcement

WFPအပြင် ထောက်ပံ့ရေး အဖွဲ့အစည်း အများအပြားက ရခိုင်ပြည်နယ်ထဲမှာ အငတ်ဘေး စကြုံနေတဲ့ မိသားစုတွေ ရှိနေပြီလို့ သတိပေး ပြောဆိုထားကြပါတယ်။ မကြာသေးခင်ကလည်း ဆင်းရဲနွမ်းပါးမှုနဲ့ ငတ်မွတ်မှုဒဏ် မခံနိုင်တော့တဲ့ သက်ကြီးပိုင်း ရခိုင်စစ်ရှောင် နှစ်ဦး ဆွဲကြိုးချ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

WFPဟာ ရခိုင်မှာ လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေပေးနိုင်ရေး အဓိက အားထုတ်နေတဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုပါ။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ မူဝါဒ အပြောင်းအလဲနဲ့အတူ WFPရဲ့ ကမ္ဘာလုံးဆိုင်ရာ အထောက်အပံ့ ရန်ပုံငွေ ပမာဏဟာ မနှစ်ကထက် ၆၀ ရာခိုင်နှုန်း လျော့ကျသွားတဲ့ ပြဿနာနဲ့လည်း ကြုံနေရပါတယ်။ မြန်မာနိုင်ငံမှာ တကယ်တမ်း စားနပ်ရိက္ခာ မဖူလုံတဲ့ အခြေအနေ ရပ်ဆိုင်နေရသူတွေထဲက ၅ ပုံ ၁ ပုံကိုသာ WFPက ထောက်ပံ့ပေးနေနိုင်တယ်လို့လည်း သိရပါတယ်။

ရခိုင်မှာ အကျပ်အတည်းတွေ ကြုံနေမှန်း သိပေမယ့် မလွှဲသာတဲ့ အကျပ်အတည်းတွေကြောင့် မတ်လကစပြီး တောက်လျှောက် ရိက္ခာခွဲတမ်း ထောက်ပံ့မှုတွေကို လျှော့ချခဲ့ရတယ်လို့လည်း WFPက ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ အာဏာသိမ်း စစ်တပ်ကြားက တိုက်ပွဲတွေကြောင့်လည်း ရခိုင်မှာ ပိတ်မိနေတဲ့ ပြည်သူတွေ အများအပြားရှိပြီး သူတို့ရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းဟာ ပိုမို ဆိုးရွားလာမှာကို စိုးရိမ်နေရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကလည်း ကုလသမဂ္ဂ အဖွဲ့ကြီးက ရခိုင်ပြည်နယ်ဟာ အငတ်ဘေးကြီး တစ်ခုနဲ့ နီးကပ်လာနေပြီလို့ သတိပေးခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။