Connect with us

Hi, what are you looking for?

သတင်း

ဘန်ကောက်မှာ မူးယစ်ဆေး သုံးထားတဲ့ မြန်မာ ၄၀ ကျော် ဖမ်းမိကြောင်း ထိုင်းရဲပြော

ဘန်ကောက် မြို့တော်မှာရှိတဲ့ တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့တဲ့နောက် မူးယစ်ဆေး သုံးထားတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဘန်ကောက် မြို့တော်မှာရှိတဲ့ တရားမဝင် ကာရာအိုကေ ဘားတစ်ခုကို ဝင်ရောက် စစ်ဆေးခဲ့တဲ့နောက် မူးယစ်ဆေး သုံးထားတဲ့ မြန်မာနိုင်ငံသား ၄၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဘန်ကောက်ရဲ့ ဝမ်သောင်လန် ရဲဌာနဟာ ဩဂုတ် ၁၅ ရက် ညပိုင်းက ဆရီဗာရာ လမ်းထဲက Townဟိုတယ်ရဲ့ ဘေးမှာ နာမည်မတပ်ဘဲ ဖွင့်ထားတဲ့ အဲဒီနေရာကို အလစ်ဝင်ရောက် စီးနင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီ တစ်ထပ် အဆောက်အအုံမှာ ကာရာအိုကေခန်း သုံးခု ထည့်သွင်း တည်ဆောက်ထားတာလို့ သိရပါတယ်။

စီးနင်းခဲ့တဲ့ အချိန်တုန်းက အဲဒီနေရာမှာ မြန်မာ ၆၀ လောက် ရှိနေခဲ့ပြီး ၄၁ ဦးကတော့ မူးယစ်ဆေး သုံးထားတယ်ဆိုတာ စစ်ဆေး တွေ့ရှိခဲ့တာလို့ ရဲတွေက ပြောပါတယ်။ မြန်မာတွေက မွေးနေ့ ပါတီတစ်ခုအဖြစ် အဲဒီနေရာကို စုဝေးရောက်ရှိနေတာလို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ vapeအရည်ထည့်ထားတဲ့ ပေါင်းချောင်တွေနဲ့ တခြား တရားမဝင် ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ရဲတွေက အဲဒီ ကာရာအိုကေဘားကို လိုင်စင်မရှိဘဲ ဖွင့်ထားတဲ့ ထိုင်းနိုင်ငံသားကိုပါ ဖမ်းဆီးထားလိုက်ပါတယ်။ သူ့ရဲ့ နာမည်ကိုတော့ ပက်ပ်ဟန်ခွန်လို့သာ တစိတ်တပိုင်း ထုတ်ပြန်ထားပြီး အသက် ၄၈ နှစ် အရွယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံထားရသူ အားလုံးဟာ လောလောဆယ်မှာတော့ ဝမ်သောင်လန် ရဲစခန်းထဲမှာ ထိန်းသိမ်း ခံထားရကြောင်းလည်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။