Hi, what are you looking for?
◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...
မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...
စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...
လက်ဖက်ရည်ဆိုင် တဆိုင်မှာ အချိန်အကြာကြီးထိုင်ဖူးခဲ့တယ်။ ခဏခဏလဲ သွားထိုင်ဖြစ်တဲ့ဆိုင်ပါ။ နေတဲ့အဆောင်နဲ့ နီးလို့ မကြာခဏရောက်ဖြစ်တဲ့ ဆိုင်ဆိုလည်း မမှားပါဘူး။ ကိုယ်နေတဲ့နေရာနဲ့နီးလို့ လက်ဖက်ရည်သောက်ချင်လာတဲ့အခါ သွားထိုင်ဖြစ်တာလဲ ရှိတယ်။ တနေရာက မိတ်ဆွေအပေါင်းအသင်းတွေ လာရင်လဲ အဲ့ဒီလက်ဖက်ရည်ဆိုင်မှာပဲ ဧည့်ခံဖြစ်တယ်။
◼️လင်းညိုရိပ် လူငယ်တွေဟာ အချစ်ကိုခေတ်နဲ့ယှဉ်ပြီး ဦးစားပေးလို့မရမှန်းသိတဲ့အခါအချစ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ နောက်မျိုးဆက်တွေအတွက် အနာဂတ်ဆိုတာဟာစနစ်အပေါ်မှာပဲ မူတည်နေတော့သူတို့အနာဂတ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ လူငယ်တွေဟာ ပန်းသိပ်ကြိုက်တဲ့အမေအိုအတွက်ပန်းကလေးတွေကို အရင်လိုအလွယ်တကူခူးပေးလို့မရမှန်းသိတဲ့အခါ ဓားထက်ထက်သွေးပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ သံချေးကိုက်နေတဲ့ ယန္တရားအပျက်ကြီးကိုပြင်လို့မရနိုင်မှန်းသိတဲ့အခါ လူငယ်တွေဟာပိုကောင်းတဲ့အသစ်တစ်ခုနဲ့ အစားထိုးဖို့အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက်သူတို့ထမ်းဆောင်လို့မရတော့တဲ့ တာဝန်တွေကို“ငါတို့ပခုံးပေါ်လွှဲပြောင်းယူရမယ်လို့” ခံယူထားကြတဲ့အခါအဲ့ဒီခံယူချက်အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ မပြောမဆိုနဲ့ အိမ်ကထွက်လာတဲ့နောက်အမေ့ကိုဖုန်းဆက်ပြီးပြောခဲ့တဲ့စကား“အောင်ပွဲနဲ့အတူပြန်ခဲ့မယ်အမေ”...
◼️ကိန်း (ခရမ်း) ဒီကောင်က ကြောင်တောင်တောင်ကောင်အိမ်ကပေးတဲ့ ကျောင်းမုန့်ဖိုး တစ်ရာတန်အပြဲကလေးကိုဘိန်းမုန့်ကြီးကြီး ဝယ်စားချင်တဲ့ကောင်၊ ဒီကောင်က ငကြောက်မြို့မကကောင်တွေနဲ့ကျောင်းကြီးက ကောင်တွေချတော့သူများလက်သီးကြားခေါင်းငုံ့ပြီး အထိုးခံနေကျအော်ငိုပြီး အိမ်ပြန်နေကျ ကောင်၊ ဒီကောင်က ဝမ်းနည်းတတ်တယ်အထက်တန်းရောက်လို့ သူငယ်ချင်းတွေ အတန်းမတူကြတော့စာသင်ခုံမှာထိုင်ဆွေးပြီးအခန်းပြောင်းချင်တယ်လို့ဆရာမရှေ့ တကိုယ်တော်ဆန္ဒပြတတ်တဲ့ကောင်၊ ကျောင်းဆင်းလို့ အိမ်ရောက်ရင်သူ့အမေရဲ့ အသုပ်ဆိုင်မှာပန်းကန်ထဲ ဟင်းခါးတွေဖြည့်ခုံတွေသုတ်အသွားပြန် ၁နာရီလောက်ဝေးတဲ့ မုန့်ဖိုကိုမုန့်ဖက်ကုန်ရင်...