Hi, what are you looking for?
◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...
မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...
စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...
◼️လွန်းညီသွားတွေ ညီတယ်အသွား အပြန် မတူတော့ဘူး။ အတူလာခဲ့ကြတဲ့လူတွေညနေ နေမညိုခင်အိမ်ပြန်နှင့်ကြပြီ။ တချို့က အိမ်ပြန်လို့မရတော့တာတချို့က အိမ်က ပြန်မလာကြတော့တာ။တချို့က အိမ်ပြန်သွားကြတာ။ မီးလောင်ပြီးစ သွပ်ပြားစတွေ ဆွေးမြေ့နေချိန်ရောက်တော့မနေ့က ညနေခင်းဟာဒီကနေ့ ညနေခင်းနဲ့ မတူတော့ဘူး။ လမ်းတလျှောက်မှာ အလွမ်းခြေရာဟောင်းတွေ အလေ့ကျပေါက်နေခဲ့ပြီ။ဖူးပွင့်ယစ်မူးခဲ့တဲ့ မျက်ရည်စတွေကပိုမိုရှင်သန်စေမယ့် ပန်းခင်းတခုပါ။ လေးနက်မှုနဲ့တန်ဖိုးထားမှုဆိုတာ အသေးအဖွဲလေးတွေကနေ...
◼️Khinssoeဆယ်နှစ်လရာသီ ပွဲလမ်းသဘင်တွေနဲ့လေချွန်သံ တအေးအေးသီချင်းတကြော်ကြော် အော်ဟစ်ဆိုလို့… ခုကျ ကိုယ့်လယ်ကိုယ့်ယာ ထွန်ကြောင်းမဖြောင့်ဘူးတုတ် ဓား တရွင်း လေးခွ ကိုင်တတ်ပေမယ့်မဟုတ် မတရား မလုပ်တတ်ကြဘူး (အဟုတ် တရား ဟောတတ်ကြသူတွေပဲ….ဒုက္ခကို လှည်းကိုးစီးတိုက်မကုန်ပေး) ကျွဲနှစ်ကောင် စီအောင် ဘဖေတို့ ကျောင်းခဲ့ပေလည်းဘဖေတို့ ရွာသားအများ မြက်မြေဇာအခက်ပွေရတာက ရွာသူရွာသားအမျက်က...
ငြိမ်းကိုငြိမ်း ၁။ ဒီတနှစ်မိုးကတော့ ကောင်းဆဲ။ တောင်ပေါ်ဒေသလည်းဖြစ်တာမို့ ရွာရင်လည်း လေးငါးရက်ဆက်တိုက် မစဲတော့။ တခါတရံ နေကျဲကျဲပူတာမို့ ကျောင်းကို ထီးမယူဖြစ်တော့ဘဲ သွားမိတဲ့အခါမျိုး ရှိဖူးတယ်။ တောင်ပေါ်မိုးက အစိုးမရရယ်။ နေကျဲကျဲပူရာက ချက်ချင်းဆိုသလို အုံ့ဆိုင်းမှုန်မှိုင်းလာပြီး ဗြုန်းဆို မစဲဘဲ သည်းသည်းထန်ထန်ရွာချတတ်တာမျိုး။ အထူးသဖြင့် ကျောင်းဆင်းချိန်...
◾ခွန်းနီအလင်းတွေလျှံကျနေတယ်လို့အိမ်မက်တွေခဏ ခဏ မက်တယ်တကယ်တမ်းမှာတော့ငါတို့အိမ်မက်တွေအပေါ်သွေးတွေပဲအန်ကျနေတာ။ တစ်ချိန်ကလမ်းမညများငါလွမ်းမိတယ်လသာသာညများလမိုက်မိုက်ညများငါတကယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့ညများအဲ့ဒီ့ညများစွာကိုလွမ်းတယ်။ အခုတော့ညတွေဟာတစ်ထပ်တည်းတပုံစံတည်းပဲမပျော်ပဲငါအိပ်ခဲ့ရမအိပ်လည်း ငါမပျော်ခဲ့ရပါဘူး။ ဘဝရော အသက်ရောပြောင်းရင်းထဲထိုးထည့်လို့သေနတ်ပြောင်းဝကိုပဲငေးနေမိတယ်အရိပ်ဆိုးတွေမြင်ရသမျှငါ့သေနတ်ကအလင်းတွေဖြာကျရအုံးမယ်။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “ညများ” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...