Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟိုသီတွေကို အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲဖို့ ဆော်ဒီ စီစဉ်နေ

ပင်လယ်နီ ရေလမ်းကြောင်းကို ပြန်ဖွင့်ဖို့အတွက် ဆော်ဒီအာရေးဘီးယားဟာ ဟိုသီ ပြောက်ကျားတွေအပေါ် အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ပင်လယ်နီ ရေလမ်းကြောင်းကို ပြန်ဖွင့်ဖို့အတွက် ဆော်ဒီအာရေးဘီးယားဟာ ဟိုသီ ပြောက်ကျားတွေအပေါ် အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆော်ဒီရဲ့ အိမ်နီးချင်း ယီမင်နိုင်ငံမှာ အခြေစိုက်တဲ့ ဟိုသီတွေဟာ ပြီးခဲ့တဲ့လတုန်းက ယီမင်နိုင်ငံ အနောက်ဖက်ခြမ်းနဲ့ ထိစပ်ရာ ပင်လယ်နီ ကမ်းရိုးတန်း တစ်ခုလုံးကို ထိန်းချုပ် သိမ်းယူနိုင်ခဲ့ပါတယ်။ အရင်ကတည်းက ဟိုသီတွေဟာ နိုင်ငံရဲ့ အနောက်မြောက်ပိုင်း နယ်မြေတွေကို ထိန်းချုပ်ထားခဲ့ပြီး အခုတော့ နိုင်ငံ အနောက်တောင်ပိုင်းက ဘက်ဘ်အယ်လ်မန်ဒက်ဘ် ရေလက်ကြား ထိစပ်တဲ့ ဒေသတွေကိုပါ သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

အဲဒီရေလက်ကြားဟာ ပင်လယ်နီကနေ အေဒန်ပင်လယ်ကွေ့ဆီ ဆက်သွယ်တဲ့ ကျဉ်းမြောင်းသွယ်လျတဲ့ ရေပြင်ဧရိယာ ဖြစ်ပါတယ်။ ဆော်ဒီတွေရဲ့ ရန်သူတော် ဟိုသီပြောက်ကျားတွေက အဲဒီရေလက်ကြား တဝိုက်ကို ထိန်းချုပ်ခွင့် ရသွားတဲ့အတွက် ပင်လယ်နီ ရေလမ်းကြောင်းကနေ ဖြတ်သန်းမယ့် ဆော်ဒီရဲ့ သင်္ဘောမှန်သမျှကို တိုက်ခိုက်ဖို့ လက်လှမ်းမီလာတဲ့ သဘောပါပဲ။

ယီမင်ပြည်တွင်းစစ်မှာ အီရန်ဟာ ဟိုသီတွေဖက်က အားပေးထောက်ခံ ရပ်တည်နေပြီး ဆော်ဒီကတော့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရဖက်က ကူညီ တိုက်ခိုက်ပေးနေပါတယ်။

Public Service Announcement

Public Service Announcement

အခုတော့ ဆော်ဒီ အစိုးရဟာ ယီမင်စစ်ပွဲမှာ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်မယ့် ခြေလှမ်းအဖြစ် အကြီးစား ထိုးစစ်တစ်ခု ဆင်နွှဲဖို့ စဉ်းစား ပြင်ဆင်နေကြောင်း သိရပါတယ်။ အဲဒီ စစ်ဆင်ရေးကို လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် ယီမင်နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းတလျှောက် ဟိုသီတပ်တွေကို ဖိအားပေး ထိုးနှက်တာအပြင် တခြားနေရာတွေမှာပါ စစ်မျက်နှာတွေဖွင့်ပြီး တိုက်ခိုက်လာဖွယ် ရှိနေပါတယ်။

အဲဒီစစ်ဆင်ရေးဟာ လာမယ့် သီတင်းပတ်တွေထဲမှာ စတင်လာနိုင်ပြီး မြေပြင်ထိုးစစ်ကိုတော့ ယီမင်အစိုးရ တပ်တွေကပဲ ဆော်ဒီ စစ်ဦးစီးတွေရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်ယူကြဖွယ် ရှိနေပါတယ်။ ဆော်ဒီကတော့ လေကြောင်းစိုးမိုးမှုနဲ့ လေကြောင်း ပစ်ကူတွေမှာ အင်တိုက်အားတိုက် အားဖြည့် ကူညီသွားမှာ ဖြစ်ပါတယ်။

အမေရိကန်ဟာ ဆော်ဒီကို ထောက်လှမ်းရေးနဲ့ ကင်းထောက်မစ်ရှင်တွေအတွက် ကူညီပေးနေပြီး စစ်ဆင်ရေး ကာလမှာလည်း ဆက်လက် ပံ့ပိုးဖွယ် ရှိပါတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေး ကဏ္ဍမှာတော့ ပူးပေါင်းမယ့် အလားအလာ မတွေ့ရပါဘူး။

ဆော်ဒီဟာ ယီမင်ပြည်တွင်းစစ် စတင်ပြီး တစ်နှစ်အကြာ ၂၀၁၅ ခုနှစ်မှာ ယီမင်အစိုးရဖက်က ပါဝင်တိုက်ခိုက်ခဲ့ပြီး အိမ်နီးချင်း နိုင်ငံရဲ့ စစ်ပွဲထဲ ပါဝင်လာခဲ့ပါတယ်။ ဟိုသီတွေကလည်း ဆော်ဒီနိုင်ငံ ပိုင်နက်နယ်မြေတွေနဲ့ ပင်လယ်နီမှာ ဖြတ်သန်းသွားတဲ့ ဆော်ဒီ ရေယာဉ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အဆင့်မြင့် F-35 တိုက်လေယာဉ်တွေကို ဆော်ဒီအာရေးဘီးယားဆီ ရောင်းချပေးဖို့ အမေရိကန်က မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ယီမင် လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဆော်ဒီအာရေးဘီးယားရဲ့ F-15 တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စလာမ်မစ် ဘာသာရေးရဲ့ အထွဋ်အမြတ် နယ်မြေဖြစ်တဲ့ မက္ကာမြို့ကို ဟိုသီတွေက တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြောင်း ဆော်ဒီအာရေးဘီးယားက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

Trending

Facebook