Connect with us

Hi, what are you looking for?

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ဝတ္ထုတို

အမဲသားရလျှင် အမဲသားရသည်ဟု လော်စပီကာနှင့်အော်၍ ကြေညာတတ်သောရွာတွင် ကိုဆန်ပေါတို့ ရောက်ရှိနေသည်။ ကိုဆန်ပေါသည် အစပိုင်းရောက်ခါစတွင် ဘာအကြောင်းကြောင့်အော်နေသည်ကို အတိအကျ နားမလည်သေးပေ။

ကဗျာ

အနှစ်သုံးဆယ် ဘာများရခဲ့သလဲ ရွာကိုပြန်လာတော့ ရွာကမရှိတော့သလောက်ဖြစ်နေပြီ

ဝတ္ထုတို

တော်သလင်းနေ​ရောင်အောက်ရှိ အရိပ်ရ တမာပင်အောက်တွင် ဒေါ်စန်းရီတယောက် ခြေပစ်လက်ပစ်နှင့် ထိုင်နေသည်။ ခါတိုင်းရက်များတွင် ခပ်မြင့်မြင့် ထုံးနေကြဖြစ်သည့် ဘီးဆံပတ်ထုံးကြီးမှာလည်း သေချာမထုံးနိုင်၍ ဆံပင်များ ဖွာလန်ကြဲကာ ပြေလျော့နေသည်။ သည်နေပူ၊ သည်ကာလများ ဘယ်အထိကြာရှည်အောင် စစ်ဘေးရှောင်ရပါမည်နည်း။ ဒေါ်စန်းရီသာမက၊ မည်သူမျှ မခန့်မှန်းနိုင်။ စစ်ကြောင်းဝင်လာပြီတဲ့ ဆိုလျှင် ဒေါ်စန်းရီတို့...

ကဗျာ

ငါတို့ဟာ Alice in borderland ထဲကလို ကစားပွဲထဲ ရောက်နေတဲ့ လူတွေပဲ။ ငါတို့ဂိမ်းတွေကတော့သိပ်တော့ မထူးဆန်းဘူး။ ဒါပေမယ့် သေကြေကြတယ်။ ငါတို့ကိုယ်စီမှာ ရှိနေမယ့် ဖဲချပ်တွေကို ငါတို့မမြင်ရဘူး။ ငါတို့ကစားပွဲမှာ အသက်ကြီးတဲ့ သူတွေပါတယ်။

ရသစာတမ်းငယ်

အဖြေရှိသော မေးခွန်းများကို ဖြေဆိုရန် ကျနော်တို့ ရောက်လာကြခြင်းဖြစ်သည်။ ထို့အတူ အဖြေမရှိသော မေးခွန်းများကို ​မေးရန်လည်း ကျနော်တို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ တချို့သည် မျက်နှာဖုံးတွေနှင့်။ တချို့သည် ယုတ်မာရက်စက်မှုတွေနှင့်။

ဝတ္ထုတို

မနက်အစောကြီး ဈေးခင်းနေတုန်း ရှိသေးတယ်၊ ရွာ့မြောက်ဘက်က ပစ်သံခတ်သံ၊ ပေါက်ကွဲသံတွေ ကြားလိုက်ရပါတယ်။ ဘေးရွာတွေက ဈေးသည်တွေ၊ ဈေးဝယ်တွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ တီးတိုး တီးတိုး ပြောနေကြတယ်။ ဆိုင်နားရောက်လာတဲ့ ဆိုင်ကယ်ဈေးသည်တဦးကို လက်တို့ကြည့်တော့ ဘယ်ရွာနဲ့ ဘယ်ရွာကြား ပွဲဖြစ်နေတယ်တဲ့၊ မြောက်ဘက်အထွက်လမ်းကို ပိတ်ထားတယ်တဲ့။ ပြောသွားသေးတယ်၊...

ကဗျာ

ခင်မေရီ အမေကိုသတိရ၏ အရက်ကြိုက်တတ်သော အဖေကိုလွမ်း၏ ညီငယ် ညီမငယ်များကို‌ ပြေးတွေ့ချင်၏ ချစ်သူကိုတမ်းတ၏ ခွေးကလေးကို‌ ပွေ့ဖက်ထားချင်၏ သမီးလေး၏ပါးပြင်ကို ဖွဖွလေးနမ်းချင်၏ ခြေတဖက်ပြတ်ရ၏ လက်တဖက်ကို စွန့်ရပြန်၏ နားထင်ထောင့်က ကျည်ဆန်တို့ ဟားတိုက်ရယ်မောကုန်၏ ခန္ဓာကိုယ်တခု သေတ္တာတလုံးသာလို၏ အဖြစ်အပျက်တို့ကားမြန်ဆန်လွန်း၏ နှောင့်နှေးခြင်းတို့ နတ္ထိ။ ဝေးကွာခြင်းတို့အစီအစဉ်တကျ...

ဝတ္ထုတို

အဖိုးကြီးက သေရွာပြန်ပါ…။ သေရွာကနေ အဖိုးကြီးပြန်လာတာ တကြိမ်လည်းမက နှစ်ကြိမ်လည်းမကပါဘူး။ အကြိမ်ပေါင်းများစွာ သေရွာက ပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါ။ ဒီရက်ပိုင်းမှာ ကျ​နော်ဟာ အဖိုးကြီးကို ထူးထူးခြားခြား သတိရနေမိပါတယ်။ ဒီနေရာမှာ အဖိုးကြီးလို့ ဘာလို့ခေါ်ရသလဲဆိုရင် ကျ​နော်တို့တပ်ဖွဲ့ထဲကို သူရောက်လာခဲ့တာ လွန်ခဲ့တဲ့ (၂၀၂၂) အစောပိုင်းကာလကတည်းကဖြစ်ပါတယ်။ တပ်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောသလို တပ်ဖွဲ့ဝင်တွေထဲမှာ...

ဝတ္ထုတို

သားရေ...၊ ဂူဂူးရေ...။ အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမှာလဲကွာ။ အရင်က ဒီနေရာ တဝိုက်ဟာ ဂန္ဓမာ အဖြူ၊ အဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကုန်းကြီးလေ။ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေတဲ့ မင်းကို ငါ ခဏခဏ သတိရမိတယ်။ အခုတော့ ပန်းခင်းတွေလည်း မရှိတော့ဘူး။ မင်းလည်း...

Facebook