Connect with us

Hi, what are you looking for?

သတင်း

မလေးရှားကနေ စစ်သင်္ဘောနဲ့ ပြန်ပို့ခံရသူအချို့အိမ်​ပြန်မရောက်ကြလို့ မိသားစုဝင်တွေ စိုးရိမ်နေ

မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ နေရပ်ပြန်ပို့ခံရသူတွေအနက် အချို့ဟာဒီ​နေ့ ည​နေအထိအိမ်ပြန်မရောက်သေးသလို အဆက်အသွယ်လည်းမရသေးတဲ့သူတွေရှိ​​နေပြီးမိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ကိုယ်​တိုင်ကြုံနေရသူတွေက ပြောပါတယ်။

(မ​လေးရှားမှစစ်တပ်သင်္ဘောနဲ့ ​အောက်တိုဘာ ၄ ရက်မနက်မှာသီလဝါဆိပ်ကမ်းကို​​ရောက်လာသူ​တွေရဲ့ မိသားစုဝင်အချို့စောင့်ဆိုင်း​နေစဥ်နဲ့​ရေတပ်စစ်သား​အချို့ကို​တွေ့ရစဥ်/ ပြန်​ရောက်လာသူ​တွေကိုစစ်တပ်လက်​အောက်ခံဝန်ထမ်း​တွေကစီစစ်​နေစဥ်။ ဓာတ်ပုံ - AFP ၊စစ်​ကောင်စီ)

အောက်တိုဘာ ၄၊ ၂၀၂၆။ မီးအိမ်/People’s Spring

မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ နေရပ်ပြန်ပို့ခံရသူတွေအနက် အချို့ဟာဒီ​နေ့ ည​နေအထိအိမ်ပြန်မရောက်သေးသလို အဆက်အသွယ်လည်းမရသေးတဲ့သူတွေရှိ​​နေပြီးမိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ကိုယ်​တိုင်ကြုံနေရသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာ ၁၅၀၀ နီးပါးကို နေရပ်ပြန်ပို့ခံရလို့ သွားခေါ်လာတဲ့ စစ်သင်္ဘောဟာ အောက်တိုဘာ ၄ရက်မနက်အ​စောပိုင်းက ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။

မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၅,၀၀၀ အထိ ပြန်ပို့မှာဖြစ်ပြီး စစ်တပနဲ့ ညှိနှိုင်းကာ စက်တင်ဘာ ၂၉ ရက်မှာ ပထမဆုံးအသုတ်အနေနဲ့ ၁၄၇၆ ဦးကို မလေးရှားနိုင်ငံကနေ စစ်သင်္ဘော ၃စီးနဲ့ ရန်ကုန်မြို့ကို ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသူတွေကို သူတို့ရဲ့နေရပ်အလိုက် စစ်တပ်ရဲ့ တိုင်းနဲ့ပြည်နယ်စစ်အစိုးရအဖွဲ့တွေက သီလဝါဆိပ်ကမ်းက​နေစောင့်ခေါ်သွား​တာဖြစ်ပြီး အချို့ဟာညနေပိုင်းအထိပြန်ရောက်မလာသေးတဲ့သူတွေရှိနေတယ်လို့ ရန်ကုန်မြို့နဲ့နာရီပိုင်းအတွင်းကားနဲ့​ရောက်နိုင်တဲ့ ​ဒေသမှာ ​နေထိုင်သူအချို့ကပြောပါတယ်။

” ဒီလောက်ဝေးတဲ့ခရီးလည်းမဟုတ်တာကို မရောက် လာသေးလို့စိတ်ပူနေတာ။ ဆိုင်ရာအဖွဲ့တွေကနေလှမ်းမေးတော့ လိုအပ်တဲ့ကိစ္စရပ်လေးတွေလုပ်နေတာမပြီးသေးလို့တဲ့ “လို့ ပြန်ပို့ခံရသူတွေမှာပါဝင်လာသူရဲ့ ဦး​လေး​တော်စပ်သူက​ပြောပါတယ်။သူက ပဲခူးတိုင်း၊ မြို့နယ်တစ်ခုမှာ​နေထိုင်တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ ပဲခူးတိုင်းစစ်အစိုးရရဲ့ အောက်တိုဘာ ၄ရက် နေ့လယ်က သတင်းထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ကနေသွားခေါ်လာသူ မလေးရှားပြန် အမျိုးသား ၉၂ဦး၊အမျိုးသမီး ၁၀ ဦးဖြစ်ပြီး မိသားစုဝင်တွေဆီလွှဲပြောင်းပေးပြီးပြီလို့​ဖော်ပြပေမယ့် ပြန်မရောက်သေးတဲ့သူတွေလည်းရှိနေတဲ့ သတင်းတွေလည်းထွက်နေတာ ဖြစ်ပါတယ်။

စစ်တပ်က သွားရောက်ခေါ်လာသူတွေထဲကတချို့ကို စစ်မှုထမ်းထည့်မယ့်အရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြရတယ်လို့လည်း မလေးရှားကနေပြန်ပါလာသူတွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။

ဒါအပြင် ​နေရပ်ပြန်​ရောက်လာသူတချို့ဟာနေရပ်ပြန်စရာအိမ်မရှိသူတွေဖြစ်နေတာကြောင့် စစ်တပ်ရဲ့အသုံး ချခံရမှာ စိတ်ပူရတယ်လို့ ဒီအခြေအနေကိုစောင့်ကြည့်နေသူတချို့က ပြောပါတယ်။

“စစ်တပ်ကရသလောက် အသုံးချမယ်လို့ထင်တယ်။သူတို့စေတနာ ဒီလောက်ကောင်းမယ်မထင်ဘူး။မိသားစုမရှိတော့တဲ့သူ၊ပြန်စရာအိမ်မရှိတော့တဲ့သူတွေအတွက်က ရင်လေးစရာပိုကောင်းတယ်” လို့ ရန်ကုန်မြို့မှ လူမူကူညီရေးအသင်းအဖွဲ့ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်ကမြန်မာနိုင်ငံသားတွေကို မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ပြန်ခေါ်တာအခုအကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး အာဏာသိမ်းခဲ့တဲ့၂၀၂၁အတွင်းက ပထမအကြိမ်သွားခေါ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ဖိနှိပ်မူမျိုးစုံကြုံနေရသလို အတင်းအကျပ်စစ်မူထမ်းခိုင်းတာတွေကြောင့် လူငယ်တွေအခက်တွေ့နေကြချိန်မှာ ထိန်းသိမ်းရေးစခန်းကသူတွေကို နေရပ်ပြန်ပို့တဲ့ မလေးရှားအစိုးရရဲ့လုပ်ရပ်အပေါ် လူမှုအဖွဲ့အစည်းတွေက ပြစ်တင်ပြောဆိုနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဆီ ဒုက္ခသည်တွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့မလေးရှားအစိုးရကိုကုလသမဂ္ဂ (UN)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ် ၊မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကယ်လီအီးကာရီကတောင်းဆိုလိုက်ပါတယ်။

သတင်း

ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကိုမလေးရှားက မြန်မာနိုင်ငံဆီ ပြန်ပို့နေတာနဲ့ ပတ်သက်လို့စိုးရိမ်ကြောင်းကုလသမဂ္ဂ (UN)ကပြောကြားပါတယ်။

သတင်း

ကြိုတင်ကြေညာထားတဲ့အတိုင်းရွှေ့ပြောင်းဒုက္ခသည်ဦးရေ ၁,၅၀၀ လောက်ကိုမြန်မာဆီပြန်ပို့တဲ့အစီအစဉ်ကို မလေးရှားက ဒီနေ့ (စက်တင်ဘာ ၂၉ ရက်) မှာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

Trending

Facebook