Connect with us

Hi, what are you looking for?

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ရသစာတမ်းငယ်

အိပ်မက်တွေဟာ လူတယောက်ကို ဘယ်လောက်အထိ ခြောက်လန့်တုန်လှုပ်စေနိုင်သလဲတော့ မပြောတတ်ပါဘူး။ တချို့အိပ်မက်တွေဟာ မြင်မက်လိုက်တဲ့ တခဏတာအတွင်းမှာပဲ လူကိုတုန်လှုပ်သွားစေနိုင်တာ ဖြစ်ပါတယ်။

ကဗျာ

◼️ရိုးငှက်အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်းငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့‌မုန်းတီးရင်းကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်းကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာအိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်းမိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆိုစွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကိုပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကိုဗလာမျက်လုံးနဲ့ငေးနေရင်းအိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆိုစီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာဘေးနားမှာ ငိုချင်းချလို့ ။ ‌ဒါပေမယ့်လေပြန်စရာအိမ်တွေပြာဖြစ်သွားတဲ့လူတွေအကြောင်းရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်းခေါင်းထဲဝင်လာပြန်တော့တောက်ခေါက်သံပြင်းပြင်းနဲ့အံကြိတ်အားတင်းရပြန်တယ်။ ဒီလိုနဲ့ပဲ..မကျွမ်းကျင်မှုနယ်ပယ်မှာအသားကျအောင်နေဒုက္ခဆိုတာ‌တော့ငယ်ပေါင်းကြီးဖော်လိုပေါ့ ။ အတွေ့အကြုံအခြေအနေအရမာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာအိမ်အကြောင်းတွေးမိတော့နှလုံးသားဟာဖန်သားပြင်လိုပဲမာပေမယ့်ကြည်လင်နေသေးတာတော့ကိုယ်တအံ့တဩ ။ အခိုက်အတန့်တစ်ခုမှာစိတ်ပါလက်ပါပြုံးမိတာတွေကမိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကိုပြန်ပြောင်းမြင်ယောင်မိတာရဲ့တစ်ဝက်ပဲနွေးထွေးစေတာပါ။ ရည်မှန်းချက်တွေပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါအားလုံးရဲ့အပြုံးမျက်နှာတွေကိုအားပါးတရငေးရင်းအိမ်ကိုဘယ်လောက်လွမ်းကြောင်းမာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း‌ပြောပြမိမှာပါလေ ။...

ရသစာတမ်းငယ်

လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။

ကဗျာ

လင်းလင်းနိုင် (ပခုက္ကူ) အရောင်စုံအသွေးစုံလွယ်အိတ်လေးတွေရယ်ပါ။ နိုင်ငံတော် သီချင်းကို လည်းမဆိုနိုင်ကြတော့ဘူး။

ရသစာတမ်းငယ်

ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။...

Short Story

ကျမ အဲ့ဒီ့ရဲဘော်နဲ့ စသိတာက ဖေ့စ်ဘုတ်မှာ။ အဲ့ဒီ့ရဲဘော်တို့ ဒေသဘက်က သတင်း မေးမြန်းရင်းနဲ့ပေါ့။ ကျမနဲ့ဆို ငါးနှစ်လောက်ကွာတဲ့ ကျမမောင်လေးအရွယ်ပေါ့။ လေးစားသမှုနဲ့ သူ့နာမည်ရှေ့ကနေ "ကို" တပ်ပြီး ခေါ်တယ်၊ ပြောတယ်။

ကဗျာ

မေရီသော် ၊ ရွက်စိမ်း မွန်းစတား ဘယ်နှကောင်ကို သတ်နိုင်ရင် ဟီးရိုးဖြစ်ပြီလဲလို့ ကောင်လေးက တွေးမိတယ်။ဒီနေ့မနက် သူကျောင်းသွားတဲ့လမ်းမှာ ဓားတစ်ချောင်း ကောက်ရခဲ့တာ။ ဒီနေ့မိုးလေဝသ ခန့်မှန်းချက်အတိုင်းပဲ မရေတွက်နိုင်တဲ့ဓားမိုးတွေရွာပြီး မြို့လေးဟာ စုတ်ပြတ်ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့အဆောက်အဦးတစ်ခုထဲမှာ skin careနေတဲ့အမျိူးသမီးတစ်ယောက်ရှိပြီး သူ့အိမ်ကတော့ ဓားမိုးလွှဲတပ်ထားလို့ ဓားမိုးရွာတာကိုမခံစားရတာ။ ငှက်တွေဟာ...

ရသ

ကျနော် ၆ တန်းနှစ်က နာရေးတခု လိုက်ပို့ဖူးတယ်။ အတန်းဖော်သူငယ်ချင်းရဲ့အမေ့နာရေးပါ။ သုဿန်က တမြို့လုံးနီးပါး အသုံးပြုနေတဲ့ သုဿန် ကျနော်တို့မြို့မှာတော့ နာမည်ကြီးပေါ့။ ၂၀၀၈ ဝန်းကျင်ဆိုတော့ သန့်ရှင်းမှုမရှိ သပ်ရပ်မှုမရှိဘဲ တကယ့်ကို စိတ်ခြောက်ခြားစရာရသ အပြည့်ပေးပါတယ်။

ကဗျာ

ပြည်သူ့သွေးသား တို့ညီနောင်များ တွဲလက်အတူ တစ်ဦးအပူ တစ်ဦးမျှလို့ တူခံစားစို့။

Facebook