Connect with us

Hi, what are you looking for?

ကဗျာ

ဒါကတော့ တကွေ့တာမှာ တွေ့ကြုံခဲ့ရတာ။ နာရီလေးထောင်ကလည်း စောင့်ရဦးမယ်။ Subscriber တထောင်ပြည့်ဖို့ကလည်း စောင့်ရဦးမယ်။ တနေ့ကို အနည်းဆုံး ဆယ်နာရီက ဖုန်းနဲ့ ကွန်ပျူတာရှေ့မှာ။ ထမင်းကိုလည်း အမြန်စားရသလို ခေါက်ဆွဲပြုတ်လည်း အမြန် မြိုချရတယ်။ အချိန်မှန်လည်း Video တင်မှရမယ်။

ဝတ္ထုတို

ဒီကနေ့နံနက်မှာ ကျနော်တို့ ခရီးထွက်ဖြစ်ပါတယ်။ တနေရာကို မရောက်ခင်အထိ လူရော၊ စိတ်ပါ မကျန်းမာ။ ခပ်ကြမ်းကြမ်းလမ်းတချို့ဖြတ်သန်းပြီးတော့ ဆိုင်ကယ်ပျက်လို့ နားတဲ့တနေရာမှာ အကိုက်အခဲပျောက်ဆေးတလုံး သောက်လိုက်တယ်။

ကဗျာ

လေရူးသုန်မှုံ မနက်ခင်းစိုစိုမရောက်ခင် အရုဏ်ပျိုဟာ ဘယ်လိုပြုံးရမလဲ သင်ခဲ့တယ်၊ တောင်ရိပ်ထွေဖုံ၊ ညနေအိုအို စက္ကန့်ကစ၊ ဖြတ်သန်းစီးဆင်းနေမှုတွေအတွက် ရသလောက် လွမ်းဖူးချင်ပါတယ်၊ ရသလောက် ချစ်ဖူးချင်ပါတယ်။

ဝတ္ထုတို

အမဲသားရလျှင် အမဲသားရသည်ဟု လော်စပီကာနှင့်အော်၍ ကြေညာတတ်သောရွာတွင် ကိုဆန်ပေါတို့ ရောက်ရှိနေသည်။ ကိုဆန်ပေါသည် အစပိုင်းရောက်ခါစတွင် ဘာအကြောင်းကြောင့်အော်နေသည်ကို အတိအကျ နားမလည်သေးပေ။

ကဗျာ

မောင်မိုးအေး နေညိုရင် ငါးမျှားမယ် ချိတ်မှာ ဘဝနဲ့ မျှော်လင့်ချက် တွဲလဲကြီး ဝေးဝေးကိုပစ်ကွာ ကြီးကြီးကိုဆွဲ ဘဝနဲ့ရင်းပြီးမျှားတာပဲ ကြီးကြီးရသင့်တယ်မလား ပန်းပွင့်တာတွေလှလား နေဝင်ချိန်လှလား မီးသင့်ဒဏ်ရာကို တက်တူးနဲ့ ဖုံးလိုက်တယ် လှသလား ဒီလိုပဲ တူရာစုကြ ဒဏ်ရာနဲ့လူ လေးငါးခြောက်ယောက် ခုနှစ်ယောက် ဆက်မရေတွက်တော့ဘူး တွဲလဲတွေရော့...

Short Story

တာပလု “ အိမ်မရှိ ခွေးမွေး” တဲ့။ ခွေးပိုင်ရှင်က ဘယ်လိုစိတ်ကူးနဲ့ ပြောတာလဲတော့ မသိပါဘူး။ တကယ်လည်း ခွေးပိုင်ရှင်က ဒီနိုင်ငံမှာ လှည့်လည်သွားလာနေသူတွေ၊ တဘက်နိုင်ငံကနေ ထွက်ပြေးလာခဲ့ရသူတွေလို့ ပြောလို့ရတယ်။ ခွေးပိုင်ရှင်က မြန်မာနိုင်ငံသား၊ ခွေးတွေကတော့ ထိုင်းခွေးတွေပါ။ ခွေးပိုင်ရှင်နဲ့ ခွေးနှစ်ကောင်ဇာတ်လမ်းက မဲဆောက်က စခဲ့ကြတယ်။...

ကဗျာ

လူရောင်လွင် သေဆုံးသူရဲ့ သွေးနဲ့ စီးတဲ့ မြစ်ရေကို ဆယ်ယူပြီး ငါတို့အဖ လယ်ယာလုပ်ရတယ် ‘ပြန်မလာတော့ဘူးလို့ မပြောရဘူး’ လို့ ပြောနေတုန်း ပြန်မလာသူဟာ ရပ်တန့်သွားတယ် စစ်ကြီးက ကဗျာဆန်တယ် ငါ့သူငယ်ချင်းဟာ သူ့ရဲ့ ကွေးကောက်နေတဲ့ ကျောရိုးကို ထုတ်ပြပြီး ‘ငါဘာမှ မလုပ်ရသေးဘူး’ လို့...

Short Story

ရဲသူအောင် (၁) အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။ ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ (၂) ကျနော်တို့ဆေးရုံကို အနိုင် စရောက်တဲ့နေ့တုန်းက...

Short Story

ကင်မရာမီးပွင့်တွေ တဖျပ်ဖျပ်က သူ့အပေါ်ကို ရမ်းရမ်းကားကား ကျရောက်နေသည်။ မီး‌ခိုးငွေ့လို တိမ်မျှင်တစလို ဒီနေရာကနေ လွင့်မျော ပျောက်ကွယ်သွားလိုက်ချင်သည်။ ဘာတွေမေးနေမှန်း ဘာတွေပြောနေမှန်းမသိလောက် အောင် ရင်တခုလုံး နာကျင်ဆူဝေနေသည်။

Short Story

အလုပ်မရှိတာ နှစ်ပတ်ကျော်ပြီ။ ဆန်က ရှိသေးသည်ဆိုတော့ သိပ်တော့ ကိစ္စမရှိ။ ကိစ္စရှိသည်က ဟင်းချက်စရာဖြစ်သည်။ ဒီရက်ပိုင်း ပဲဟင်းတလှည့်၊ အသားတုတလှည့်ဆိုတော့ လျှာရင်းက မမြက်သည်မှာ ကြာပြီလေ။ ကိုက်လန်လေးနဲ့ ဝက်သားလေးကို ပါးပါးလှီးပြီး ကြော်စားလိုက်ရင်ကွာ ဆိုတဲ့အသိက ဦးနှောက်ကို သတင်းပို့တော့ ဗိုက်တွေပါ ဆာလာသည်။

Short Story

ကျုပ်သား ဘယ်ငရဲလမ်းမှာ ရှိနေလဲ၊ ဘယ်လမ်းသရဲ၊ စုန်း၊ ကဝေတွေက ကျုပ်သားကို မြှူဆွယ်ပြုစားပြီး ဘယ်တောတောင်ကို မျက်လှည့်ပြသလို ဝှက်ခေါ်သွားကြသလဲ။ ဘယ်သူမှမရှိတဲ့ အဲဒီအမှောင်ထဲမှာ ကျုပ် နေမပျော်ပါဘူး၊ ကျုပ်ငြိမ်းချမ်းချင်တယ် ။

Facebook