Connect with us

Hi, what are you looking for?

ဝတ္ထုတို

သားရေ...၊ ဂူဂူးရေ...။ အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမှာလဲကွာ။ အရင်က ဒီနေရာ တဝိုက်ဟာ ဂန္ဓမာ အဖြူ၊ အဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကုန်းကြီးလေ။ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေတဲ့ မင်းကို ငါ ခဏခဏ သတိရမိတယ်။ အခုတော့ ပန်းခင်းတွေလည်း မရှိတော့ဘူး။ မင်းလည်း...

ကဗျာ

စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး ကျနော် အိမ်ကို ပြန်လာခဲ့ပါတယ် အမေ။

ဝတ္ထုတို

ပင်ပန်းကြီးစွာ သက်ပြင်းတချက်ကိုချပြီး ကျောပိုးအိတ်ကလေးကို လွယ်လို့ လောကကြီးကိုအမှုမထားဘဲ ထွက်ခွာသွားသည်။ ထိုသို့ ထွက်ခွာသွားခြင်းကပင် သူ၏ အကျင့်ဖြစ်ပေမည်။

ကဗျာ

ဆန်ပိုးမဲမဲတွေရောနေတဲ့ ထမင်းအကျိုးအကြေက ပန်ကန်အပြည့်နဲ့ မီးတိုက်ခံထားရတဲ့မျှင်ငပိဟာ အဓိကဟင်းပဲ

Short Story

မောင်သုခင် (တမာမြေ) ၁။ “ ဘာဟင်းတွေနဲ့ စားကြသတုန်း” ထမင်းစားပြီဆို ဟိုဘက်အိမ်က ဒေါ်ရိုး ရောက်လာပြီ။ အကောင်းလာတာ မဟုတ်ဘူး။ ကျုပ်တို့မိသားစု ဘယ်လို စားသောက်နေလဲ လာစပ်စုတာ။ ဇွန်းသံခွက်သံကြားရင် ကြောင်အိုကြီး ဖိုးညိုလိုပဲ ထမင်းဝိုင်းအနား ရောက်လာပြီ။ “ လက်ဘက်သုပ်နဲ့ပါ၊ စားလှည့်ပါဦး”...

ကဗျာ

ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် တချို့တချို့များတော့လူ့အသက်တွေ လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို ကြက်ကလေး၊ငှက်ကလေးများလို သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ လွယ်လင့်တကူပါပဲလား…. အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ် ကဲ…အဖွားဘာပြောမလဲ… အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး အဖွားတို့ခေတ်ကခေတ်ပျက်ကြီး...

ကဗျာ

ပန်းနုဝင်း မှုန်ကုတ်ကုတ် တောင်တန်းပေါ်က လှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့ မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။ အသက်ရှုမဝတဲ့ ဆေးရုံကို ရင်နာနာနဲ့ကျောခိုင်းခဲ့တာ ဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းက မီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာ သတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။ အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။ ကြယ်တွေကြွေတာ...

Short Story

သိဒ္ဒတ္ထမင်းသားသည် တောတွင်းတွင် တရားကျင့်ရန်အတွက် မိဘ၊ ဇနီးနှင့် သားမသိအောင် အိမ်မှ ခိုးထွက်ခဲ့လေသည်။ အဘယ်ကြောင့် ခိုးထွက်ရသလဲဆိုလျှင် ခွင့်တောင်းပါက ခွင့်ပြုမည် မဟုတ်သောကြာင့်ပင်။

ကဗျာ

ယောနသံ တစ်ယောက်အကြောင်း ပြောလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ နာ‌ရေး သတင်းကို ကြားရ။ တစ်ယောက်အကြောင်း ရေးလို့ မပြီးသေးဘူး နောက်တစ်ယောက်ရဲ့ ဓါတ်ပုံအဟောင်းကို ပြန်လည် ရှာ‌ဖွေရ။ မပြောဖြစ်လိုက်တဲ့ စကားတွေ မပို့ဖြစ်လိုက်တဲ့ မက်ဆေ့ခ်ျတွေ မကိုင်ဖြစ်လိုက်တဲ့ မစ်ကောတွေ မတွေ့ဖြစ်လိုက်တဲ့ မျက်နှာတွေ ဖွင့်ဟ...

‘ခွေးရူးသတ်သူ’ ‘ခွေးရူးသတ်သူ’

Short Story

တခါတလေ ကျနော်တို့က မူးပြီး အလီကို အလုပ်တခုခုလုပ်ဖို့၊ ဘဝကို ရည်ရွယ်ချက်ထားဖို့ ပြောရင် အလီ ပြုံးနေတတ်တယ်။ ဒါပေမယ့် အလီ ကျနော်တို့ ပြောတဲ့အတိုင်း ကြိုးစားဖူးတယ်။

"အိမ်လွမ်းသူ" "အိမ်လွမ်းသူ"

ရသစာတမ်းငယ်

ကျနော် အနားမှာဖြတ်သွားတဲ့ လူတယောက်ကို မေးခွန်းတခု မေးလိုက်တယ်။ သူပြန်ပြောတဲ့ စကားလုံးတွေလည်း ကျနော် နားမလည်နိုင်တဲ့ အစိမ်း။

▪︎ရသစာတမ်းငယ် ▪︎ရသစာတမ်းငယ်

ရသစာတမ်းငယ်

ရေးလက်စ စာရွက်အလွတ်ဟာ ရေးလက်စအတိုင်းပဲ ရပ်တန့်သွားတော့တာပဲ။ ဘုရားခန်းထဲက ဘုရားစင်လည်း အရင်အတိုင်း ရှုပ်ပွဆဲပဲ။ ပင့်ကူမျှင်ပေါင်း များစွာနဲ့ပေါ့။ ငါမွေးထားတဲ့ကြောင်ကလည်း ငါ့ကို စိတ်ပျက်စွာ ထိုင်ကြည့်နေဆဲ (လို့ ထင်တာပဲ)။

"လွတ်မြောက်ခြင်းနောက် ငြိတွယ်ရာ" "လွတ်မြောက်ခြင်းနောက် ငြိတွယ်ရာ"

Short Story

ယုံကြည်ချက်ကို ဘဝရဲ့မျှော်လင့်ချက်တွေနဲ့ ထပ်တူအလဲအလှယ်လုပ်ရတဲ့ မိုးဆက်တို့ရဲ့ဘဝတွေက အချစ် ရော စစ်ရော အဘက်ဘက်က အမြဲ အားပြိုင်လေ့ရှိကြတယ်လေ။

Facebook