Hi, what are you looking for?
မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။
■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...
“ပုဇွန်တွေ မီးဖုတ်ပြီးကြပြီလား၊ မီးတွေကျွမ်းနေအောင်လည်း မဖုတ်ကြနဲ့ဦးနော်။ မီးမျှင်းမျှင်းနဲ့ ဖုတ်။ ပြစမ်း ငါ့ကို ဟိုတကောင်။ အေး ပြီးရင် အမည်းတွေကို သေချာ ခြစ်ထုတ်ပစ်။ ငါးသလောက်ပေါင်းအိုးလည်း မီးမပြတ်စေနဲ့ ဦး၊ လက်ဖက်ရည်ကို အေးဖေကို ဖျော်ခိုင်းနော်။ သူဖျော်တာ ကောင်းတယ်။ အိုးနဲ့ များများ...
◼️ရိုးငှက်အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်းငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့မုန်းတီးရင်းကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်းကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာအိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်းမိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆိုစွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကိုပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကိုဗလာမျက်လုံးနဲ့ငေးနေရင်းအိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆိုစီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာဘေးနားမှာ ငိုချင်းချလို့ ။ ဒါပေမယ့်လေပြန်စရာအိမ်တွေပြာဖြစ်သွားတဲ့လူတွေအကြောင်းရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်းခေါင်းထဲဝင်လာပြန်တော့တောက်ခေါက်သံပြင်းပြင်းနဲ့အံကြိတ်အားတင်းရပြန်တယ်။ ဒီလိုနဲ့ပဲ..မကျွမ်းကျင်မှုနယ်ပယ်မှာအသားကျအောင်နေဒုက္ခဆိုတာတော့ငယ်ပေါင်းကြီးဖော်လိုပေါ့ ။ အတွေ့အကြုံအခြေအနေအရမာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာအိမ်အကြောင်းတွေးမိတော့နှလုံးသားဟာဖန်သားပြင်လိုပဲမာပေမယ့်ကြည်လင်နေသေးတာတော့ကိုယ်တအံ့တဩ ။ အခိုက်အတန့်တစ်ခုမှာစိတ်ပါလက်ပါပြုံးမိတာတွေကမိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကိုပြန်ပြောင်းမြင်ယောင်မိတာရဲ့တစ်ဝက်ပဲနွေးထွေးစေတာပါ။ ရည်မှန်းချက်တွေပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါအားလုံးရဲ့အပြုံးမျက်နှာတွေကိုအားပါးတရငေးရင်းအိမ်ကိုဘယ်လောက်လွမ်းကြောင်းမာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်းပြောပြမိမှာပါလေ ။...
လေနှင်ရာ လွင့်နေတဲ့ တိမ်တွေကို ငေးကြည့်နေရင်းမှာပဲ နှစ်ကာလဟာ အလယ်တည့်တည့်ကနေထက်ပိုင်းကျိုးကျသွားတယ်။ ခြောက်လတာဆိုတဲ့ ကာလဟာ ကိုယ်အမှန်တကယ် ပိုင်ဆိုင်ခွင့်ရတဲ့ အချိန်မဟုတ်သလိုပဲ အားတက်သရော ဖြတ်သန်းရမှာကိုလည်း မေ့ခဲ့။ သတိရလို့ နောက်ပြန်လှည့်ကြည့်လိုက်တော့ ခြစားခံလိုက်ရတဲ့ စာရွက်တွေလို ဘာအခန်းမှာ ဘာအမှတ်တရကို ချရေးမိခဲ့တာလဲဆိုတာ ခြေရာလက်ရာ ရှာမရတော့။
ကျမ အသက် ၄ နှစ်မှာ ငှက်တွေရဲ့ပျံဝဲပုံတွေကို သဘောကျနှစ်သက်စွာ ကြည့်လာတတ်ခဲ့ပြီ။ သူတို့ရဲ့အတောင်ပံလေးတွေလို ကျမရဲ့ လက်တွေကို ဖြန့်ကားတယ်၊ ရိုက်ခတ်တယ်။ ကျမ လေထဲပျံတက်မသွားနိုင်ပေမယ့် သဘောကျတယ်။ ကျမ အသက် ၆ နှစ်မှာ လေယာဥ်ပျံကြီးတွေကို ပြောင်းလဲသဘောကျလာတယ်။ သူတို့က ငှက်တွေထက်လည်းကြီးတယ်။ တောင်ပံတွေကိုရိုက်ခတ်စရာမလိုဘူး။...