Sarah
တောထဲနေနေ၊ မြို့ပေါ်ရောက်ရောက်
ရဲဘော်တွေရဲ့မပြောင်းလဲသွားတဲ့အရာတခုက လက်သုတ်ပဝါလေး တထည်ပါပဲ။
စခန်းထဲမှာ သူတို့စုထိုင်ကြ၊ ဝိုင်းကြ၊ စကားပြောကြ၊ ထမင်းစားကြလုပ်တဲ့နေရာမှာ အင်္ကျီတထည် မဟုတ်ရင် လက်သုတ်ပဝါတထည် အမြဲရှိနေတာကို တွေ့ရတယ်။

Public Service Announcement
ထမင်းစားပြီးရင် သုတ်ကြတယ်၊
ကြမ်းပြင်ပေါ်ဟင်းပေရင် သုတ်တယ်၊
အိမ်သာကပြန်လာရင် လက်သုတ်တယ်၊
တဲပေါ်ခွေးတက်လို့ ရွှံ့ပေရင်လည်း သုတ်တယ်၊
ဝိုင်းထိုင်ကြလို့ အမြည်းနှိုက်ပြီးရင် သုတ်တယ်၊
သွားကြားထိုးနေရင်းလည်း သုတ်တယ်။
တကယ်ကို အသုံးဝင် အကျိုးရှိတဲ့ လက်သုတ်ပဝါလေးတထည်ပါပဲ။
မတူညီတဲ့ဒေသတွေ၊ နေရာတွေ၊ မတူညီတဲ့မိသားစုတွေကနေ ပေါက်ဖွားလာကြပြီး ဒီနေရာမှာ တူတူရှိနေကြ၊ ဒီအခက်အခဲကို အတူတူရင်ဆိုင်ကြတဲ့အချိန်မှာ ဒီလူတွေဟာ တကယ့်ရဲဘော်ရဲဘက်ဖြစ်သွားကြတာပါပဲ။
တယောက်ကိုတယောက် ဝေမျှနိုင်တာ၊ ဂရုစိုက်တာ၊ သစ္စာရှိတာ၊ စည်းလုံးတာ စသဖြင့် စစ်အာဏာရှင်တော်လှန်ခြင်းရဲ့ နောက်ဆက်တွဲမှာ အပြောင်းအလဲကောင်းတွေ အများကြီး ရရှိခြင်းဆိုတဲ့ ကောင်းသောအရာတွေကို ပိုတွေးနေဖြစ်ပါတယ်။
လက်သုတ်ပဝါလေးတထည်ကစတဲ့ အတွေးလေးတခုပါ…။
((The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘Sarah’
ရေးဖွဲ့တဲ့ “လက်သုတ်ပဝါလေး တထည်”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































