Connect with us

Hi, what are you looking for?

ကဗျာ

‘ပြန်စာ’

◼️‌ယောနသံ

ထောင်အုတ်ရိုးပေါ် ကို
ဖြတ်တိုက်လာတဲ့ လေထဲမှာ
မီးကျွမ်းနေတဲ့ ကျောင်းသုံးစာအုပ်လေးရဲ့
ပြာနံ့ရတယ်။

ရမ်းငွေ့တွေကို ကွေ့ရှောင်ပျံသန်းပြီးမှ
ပင်ပင်ပန်းပန်းနဲ့ ရောက်လာခဲ့တဲ့
သတိရစိတ်ကလေး
အဲ့ဒီ သတိရစိတ်ကလေးကို
ဖွင့်ဖောက်ပြီး ဖတ်ကြည့်လိုက်တော့
“မောင်ရေ… အခုထောင်ဝင်စာက
ရေခဲသေတ္တာလေးကို ရောင်းပြီးမှ
ပို့ ပေးလိုက်ရတာပါ” တဲ့။

ဘဝတချို့က
အကျဉ်းထောင်ထဲမှာ မိုးချုပ်ကြ
ဘဝတချို့က
ဒုက္ခသည်စခန်းတွေမှာ မိုးချုပ်ကြ
ဘဝတချို့က
ပြန်စရာ အိမ်မကျန်တော့တဲ့
တောထဲ တောင်ထဲမှာ မိုးချုပ်ကြ
အိမ်လွမ်းစိတ်ကလေး‌တွေဟာ
အိမ်ပြန်ရမယ့် ရက်ကို
လက်ချိုးရေတွက်နေကြ။

Public Service Announcement

Public Service Announcement

တခါတလေ
သူရဲကောင်းတစ်‌ယောက်လို့
သန်မာ ဝံ့ကြွားကြ။
တခါတလေ
သူရဲဘောကြောင်တဲ့ကောင်လို
အူလှိုက်သဲလှိုက် ငိုကြွေးမိကြ။
မနက်ဖြန်တွေအတွက် တိုက်ပွဲဝင်ရင်း
မနက်ဖြန်တွေအထိ ပါမလာတော့တဲ့
ငါတို့ရဲ့ သူငယ်ချင်းတွေ
ရာဇဝင်မှာ စာထင်ရစ်ကြပါစေ။

လမ်းပေါ်မှာ ကျွတ်ကျန်ရစ်ခဲ့တဲ့
ဖိနပ်ကလေးတဖက်
ဖိနပ်က‌လေးပေါ်မှာ စွန်းထင်းခဲ့တဲ့
သွေးစက်ကလေးတစက်
အဲ့ဒီသွေးစက်‌လေးက စလိုက်တဲ့
တိုက်ပွဲရဲ့ခေါ်သံကို သံတိုင်တွေကြားက
စာပြန်လိုက်ပါတယ်။

သပိတ်အကျဉ်းစံ (ကဗျာ -၂)
၂၇/မတ်လ၊ အိုးဘို။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​ယောနသံ’ ရေးဖွဲ့တဲ့ “ပြန်စာ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …