Connect with us

Hi, what are you looking for?

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...

ကဗျာ

မိုးသွေးညို ကိုယ်က ပြေးသွားတာလားသူက ဝေးသွားတာလားခြားနားခြင်းကို ဘယ်လိုတွက်တွက်နွေဦးနေ့ရက်တွေမှာမေတ္တာဓာတ်ဟာ သင်းသင်းပျံ့ တယောက်ကို တယောက် ချစ်ခဲ့တယောက်နဲ့ တယောက် ပျော်ဝင်ခဲ့တယောက်ရဲ့ တယောက် တံတိုင်းဖြစ်ခဲ့တိုက်ပွဲခေါ်လို့ တိုက်ပွဲပျော်ခဲ့ မောင်းပြန်တွေရှေ့ဒေါင်းအလံ တလူလူလွှင့်ထားတဲ့သူ့လက်သီးဆုပ်လေး…ကြွေးကြော်သံတွေ ထန်‌နေဆဲသေနတ်သံ‌တွေ ညံခနဲခေါင်းစည်းပုဝါလေး နီနီရဲ အို.. သွေးအစက်စက် မြေနီ‌လမ်းလေးအဆောင်ရှေ့မှာ ဖျတ်ခနဲ ကျကွဲစိန်ပန်းတွေလည်း...

ကဗျာ

မောင်သုည (ရှပ်ပုံသားလေး) သားရေ…ခွဲခွာခြင်းတရားရှိတယ်ဆိုတာ သိပေမယ့်တကယ်တမ်း ခွဲခွာခဲ့ကြရင်အသွေးအသားနဲ့ ထုဆစ်ပြီးမြင်းမိုရ်တောင်မက ကြီးမားတဲ့မေတ္တာပန်းချီကားတချပ်မှာအူဝဲကဗျာကစအမေတို့က ပိုနာကျင်ရပါတယ် သား ၊ အမေတို့ ဘယ်လိုနှလုံးသားနဲ့ဆက်ရှင်သန်ရမလဲ သားရယ် ၊ ဘယ်တော့မှပြန်မလာနိုင်တဲ့ လူကိုမျှော်ရတာလည်းငရဲကျခြင်း တမျိုးပဲမို့သားတယောက် ဆုံးရှုံးသွားတဲ့ မိခင်တယောက်ဆိုတာလည်းငရဲကျသလို ပူလောင်ရပါတယ် သား ၊ သားရေ…ရင်နဲ့လွယ်ထားရတဲ့ သွေးစက်တိုင်းအတွက်ရွှေဗျိုင်းဖြူပုံပြင်တွေမိတ်ထီလာကန်တော်အောက်ကဖားကောက်ခဲ့ပေး...

ကဗျာ

ချမ်းငြိမ်း ဒဏ်ရာတွေကို ဆေးကြောဖို့သွေးတွေကို ဖောက်ထုတ်ရင်းညတွင်းကြီးဆီသူတို့ ခုန်ဆင်းသွားကြတယ်။ ရောင်စဉ်တန်းတွေ လှိုက်ကနဲလကို ထိုးခွဲသွားတဲ့ ကျည်ဆန်ရှေ့မှာအသက်တချောင်းကို ဒိုင်းလုပ်အမှောင်ကို ခုန်အုပ်လိုက်တယ်။ တောင်ပံတွေကို ဖြန့်ရင်းမီးထဲတိုးဝင်သွားတဲ့ ပိုးဖလံလိုတစုံတရာ လှပဖို့ကိုယ့်ကိုယ်ကို ပြာချလိုက်ပုံမျိုး။ ဒုန်းစိုင်းနေတဲ့ အဆုပ်နဲ့ခြေရာပေါ်က ငုတ်လျှိုသွားတဲ့တောင်တန်းမှာဝိဉာဉ်ဟာ ဓားတစင်းအဖြစ်ညကို ခုတ်ပိုင်းပစ်လိုက်တယ်။ ခင်ဗျားတို့ မြင်လိုက်ကြလားဝိဉာဉ်ဓားသွားတလက်ရဲ့တလက်လက်ထနေတဲ့ အသွားပေါ်ကပြတ်ကျသွားတဲ့...

ကဗျာ

မင်းသွင် အချစ်နဲ့ ဝေးနေပါတယ် ဆိုမှမလွမ်းစေချင်ဘူး … တဲ့လား။စစ်တိုက်နေရပါတယ် ဆိုမှGun တွေ မလိုပါဘူး …တဲ့လား။ဘယ်သူမှ မမှားပါဘူး၊ဒီလို တိုင်းပြည်မှာ မွေးခဲ့တည်းကငါတို့အားလုံး သားကောင်တွေပါ..မေရီဆိုင်းနွယ် ။ Internet သုံးဖို့တောင်ပေါ် အတူတူ တက်ရတဲ့နေ့ကိုနင် … မမေ့သေးဘူး မဟုတ်လားအညာမှာလည်း internet သုံးချင်ရင်ခရီးထွက်ရတယ်၊အံ့ဩသွားသလား…....

ကဗျာ

ယောနသံ သူက ‘ပန်း’ ပါတဲ့မကြွေရဲရင် အစကတည်းကဒီပန်းက မင်းဆံပင်ပေါ် မပွင့်ခဲ့ဘူးတဲ့ပြတ်ပြတ် သားသား။ ဆူးပါတဲ့နှင်းဆီလည်းကြွေတတ်တာပဲ‌နော် ဆိုတော့*”ကြွေတာကိုက ပွင့်ခြင်းပဲ” လေတဲ့။ လူ့စည်း ဘီးလူ့စည်းအသဲစားရဲမှ သားရဲဖြစ်မှာပန်းမှာလည်းပန်းရဲ့စည်းတော့ ရှိရမပေါ့။ ဒါဟာ စစ်ပွဲတစ်ခုပဲလေ။ ကိုယ်က ဘီလူး ပါဘီလူးတော့ ဘီလူး ဒါပေမယ့်သာမန် သားသတ်လွတ်သမားပန်းစားဘီလူး။...

ကဗျာ

မေရီသော် ဘယ်မှာနေနေ ငါအိမ်ပြန်နောက်ကျခဲ့တာချည်းလမ်းအတိုင်း ဆက်လျှောက်သွားဖြစ်ပွဲတော်က လူတွေကို ရပ်တန့်ငေးမောငါ့နောက်က သည်းကြီးမည်းကြီးလိုက်နေတဲ့ ခွေးတအုပ်ကိုတောင်တခါတလေ ငါဟာ မေ့လျော့နေတယ်ကြိုတင်စဥ်းစားထားခြင်းမရှိဘဲ ချိုးကွေ့လိုက်တဲ့ ဝိရောဓိတွေမြောက်အရပ်ပျောက်ဆုံးသွားလို့ ကြောင်တောင်ကန်းရတာနဲ့သီချင်းသံသဲ့သဲ့နောက်ကိုပဲ ငါလိုက်ခဲ့အိမ်ပြန်လမ်းက တခုတည်းဒါပေမယ့် ဘယ်သူမှ ဘယ်သူနဲ့မှ မဆုံခဲ့ကြငါတို့ထဲက တဝက်က ကဗျာရေးနေပြီးကျန်တဝက်က တစုံတယောက်ကို ပွေ့ဖက်နည်းအား ပြန်သင်ယူနေရမီးတောက်က သေးငယ်လာပေမယ့်...

ကဗျာ

ဟင်....ခနဲ လွတ်ကျသွားတဲ့ မနက်ဖြန်တွေ ၊ ကျသွားခြင်းထဲမှာ ကန်စွန်းရွက် ငါးရာမီလီဂရမ် ၊ မှို ငါးဆယ် မိုက်ခရို ဂရမ်နဲ့ ၊ အကြံဉာဏ်လိုဟန် ညနေခင်းတချို့ ။

ကဗျာ

မနက်ခင်း ငါနိုးတော့ ငှက်နှစ်ကောင်ရဲ့တေးသွားမှာ မင်းစကားတွေပဲ ငါ ကြားနေရလို့ မင်းကိုငါလွမ်းလို့ အချစ်နဲ့ နိုးထသော မနက်ခင်းများ အသက်ရှည်ပါစေ

ကဗျာ

လူတွေဟာ အချစ်နဲ့တွေ့ရင် နုပျိုသွားတတ်ကြပြီး စစ်နဲ့တွေ့ရင်တော့ ရင့်ရော်သွားတတ်ကြပါတယ် အမြဲတမ်းညို့ဆိုင်းနေတတ်တဲ့ ရာသီမှာ အပြာရောင်ကောင်းကင်ထဲက ကြယ်ဖြူလေးကို မက်မက်မောမော ရှာဖွေကြည့်မိတာ အပြစ်ဆိုစရာ မဟုတ်ကြောင်းပါ မေရီဆိုင်းနွယ်။

Facebook