ကဗျာ
လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။
Hi, what are you looking for?
■ နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...
မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူတွေ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...
နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...
လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။
ခွန်းနီ ကျကွဲမှာစိုးလို့ပုလင်းထဲထည့်ထားတဲ့ အသက်ကိုကဗျာထဲ ပြန်ဝှက်ထားခဲ့တာအရောင်တွေလဲ လက်မလာအတောင်တွေလဲ ခတ်မလာကြေကွဲမှုက ဆတ်ဆတ်ခါလို့နာကျင်မှုဟာ သိပ်သည်းဆများတယ်အသည်းကွဲတဲ့အကြောင်းလာမပြောနဲ့ခေတ်ကြီးကိုကနှလုံးသားရှိသူတွေ နာကျင်ရတဲ့ခေတ်လေကဗျာတွေမှာလဲ အနာတွေချည်းရင့်မှည့်လို့ဒါပေမဲ့သန်မာကြတယ်။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့တဲ့ “ငါတို့နေ့” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
ယောနသံ ကဗျာရေးနေရမယ့်ကောင်တွေက စစ်တိုက်နေရတာဆိုတော့ စစ်တိုက်နေရတဲ့ကောင်တွေက ကဗျာရေးနေရတာပေါ့။ သွေးစွန်းနေတဲ့ ကလောင်တွေနဲ့ သွေးထွက်နေတဲ့ ကဗျာတွေကို တိုက်ပွဲတွေကြားမှာ ရေးကြ။ မတရားမှုနဲ့ကြုံလာတိုင်း ခေတ်အဆက်ဆက် သွေးထွက်တဲ့ဘက်က။ အလိုနည်းသူကဗျာဆရာတို့ရဲ့ သွေးနဲ့ ဆေးတဲ့ကမ္ဘာ ကြီးနိုင်ငယ်ညှင်းဝါဒများ ပပျောက်ပါစေ။ (“The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ယောနသံ’ ရေးဖွဲ့တဲ့...
မောင်တင်သစ် ငါ့ဌာနေကသစ်ပင်တွေအိုပြီအိုပေမင့်ရှင်နေသမျှခြမတက် ဖေ၁၁၂၆ . . . (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’မောင်တင်သစ်’ ရေးဖွဲ့တဲ့ “ရှင်နေသမျှ”ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749…...
ညီ Z အဲဒီနေ့ မနက်မှာတင်နိုင်ငံရေးဆို လေသံတောင် မဟနဲ့ ဆိုတဲ့ငါ့အဖွားလေးကို မုန်းမိတာပဲ ။ သူတို့က ခဏထိန်းရုံပါဆိုတဲ့ ဦးလေးကိုလည်းငါ မျက်မှောင်ကုပ် ကြည့်မိ ။ အလကား မင်းမဲ့စရိုက်တွေဆူပူနေကြတာ ဆိုတဲ့မြေညီထပ်က ရပ်ကွက်လူကြီးကိုလည်းအဲဒီ မနက်ကတည်းက ငါနှုတ်မဆက်တော့ဘူး ။ အုတ်နံရံကို ခေါင်းနဲ့တိုက်နေလို့ဘာထူးမှာလဲ...
ဝိယောဂီ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ညာနေရတာလောက် ကိုယ့်ကိုယ့်ကိုယ် ညှင်းဆဲမူမြောက်တာ မရှိဘူးကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေမိတာလောက်ကိုယ့်ကိုယ်ကိုယ် စော်ကားမူမြောက်တာမရှိဘူး။ သူတော်စင် တစ်ပါးလိုဥပုသ်တစ်ပါတ်ပြည့်အောင် သီးခံဖို့ကဆယ်ကမ္ဘာလောက် ငရဲမှာ လောင်ကြွမ်းရသလိုမင်းတို့ရဲ့အယူဝါဒစွဲတွေကပူလောင်လွန်းလှချည်လား။ ငါ့ ဝိတိုင်ကထွက်တဲ့ မီးခိုးဟာငရဲမီးမဟုတ်ဘူး စုန်းမီးငါဟာ လောင်ကြွမ်းနေတာမဟုတ်ဘူးလောင်မြိုက်နေတာငါဟာ ပူလောင်နေတာမဟုတ်ဘူးတောက်လောင်နေတာ။ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်ပြန်ပြန်ပြုပြင်နေရလို့အချိန်မအားတဲ့ကောင်တွေကအရေးထဲဆို..သူများကိုသွားသွား ပြုပြင်ပေးနေရသေးတယ်။...