Connect with us

Hi, what are you looking for?

ကဗျာ

“သတ္တမအာရုံ”

နပိုလီယံအစစ်က
နပိုလီယံမဖြစ်ချင်တော့တဲ့အခါ

ငြိမ်းသစ်

နပိုလီယံအစစ်က
နပိုလီယံမဖြစ်ချင်တော့တဲ့အခါ
ဂျိုးဇက်ဖင်းအတုက
ဂျိုးဇက်ဖင်းဟန်ဆောင်ပြီး
သူ့ခင်ပွန်းဟောင်းရဲ့ဓားကို
ပြန်လိုက်တောင်းနေသေး။

မြစ်အစင်းစင်းကိုဖြတ်ဖူးကြလိမ့်မယ်၊
အဲဒီမြစ်တွေခွာသံပြင်းလာဖို့
ကိုယ့်ပင်လယ်ကိုနှိမ့်ပေးခဲ့ရတယ်။

မီးကျီးခဲတွေကြား
ပြာကျသွားတဲ့အိပ်မက်ကို
ပြန်ယက်ယူဖို့
ရေအတက်ကိုစောင့်နေကြရ။

Public Service Announcement

Public Service Announcement

ဒုက္ခတွေကိုပွဲလမ်းလိုကြည့်ဖို့
ကဗျာတွေကို အသံထည့်ပြီးကကြ
ကဗျာဆရာရဲ့သတ္တမအာရုံဟာ
ဘဝတွေပုံခဲ့တယ်၊ အနာဂတ်ကိုယုံခဲ့တယ်။

ကမ္ဘာကြီးအထက်မှာ ကဗျာတွေရှိတယ်။
ကဗျာအထက်မှာ ဘာမှမရှိပါဘူး။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘​​​ငြိမ်းသစ်’ရေးဖွဲ့တဲ့ “​​သတ္တမအာရုံ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ