Connect with us

Hi, what are you looking for?

ကဗျာ

“မမလီဆာ ကျနော် အကုန်ရောက်ပြီးပြီ၊ဘာမှမရှိဘူး”

◼️လူရောင်လွင်

ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်တုန်းက ကျနော်ဟာ ရေလိုဖောက်မြင်နေရတဲ့ စိတ်နဲ့။

အခုတော့ ရွှေကျင်ထားတဲ့ချောင်းကောတစ်ခုရဲ့သဲမှုန်စတွေလို လေနှင်ရာပါပဲ။

မမလီဆာရေ ကျနော်တို့မှာ ဆင်သွားတိုင်းလမ်းမဖြစ်တာကိုသိပြီးမှတော့ ဆင်ပေါ်ကပြုတ်ကျလည်း မထူးတော့ဘူးမလား။

Public Service Announcement

Public Service Announcement

ကျနော် အကုန်ရောက်ပြီးပြီ မမလီဆာ။မလာခဲ့နဲ့။

ကီလီမန်ဂျာရိုးမှာလည်း နှင်းတွေ မဝေတော့ဘူး။ရေတွင်းထဲကိုငုံ့ကြည့်ပြီး နှင်းရေလို့ အော်ခေါ် လည်း ဘာအသံမှ ထွက်မလာတော့ဘူး။

ပေါက်နေတဲ့ ဦးခေါင်းခွံတွေကို လိမ်ချိုးပြီး သီကုံးဝတ်ဆင်ထားတာတောင် ကျနေ့ာ်လမ်းဟာ လမ်းမဖြစ်သေးဘူး မမလီဆာ။

လူတွေဟာ လူမဖြစ်ကြသေးဘူး။စစ်ပွဲကို လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ခေါ်သွားပြီး တစ်ယောက်မကျန် ငတ်စေချင်တဲ့ စိတ်အသေကြီးတစ်ခုကောက်ရခဲ့တာပဲ အဖတ်တင်ကျန်ခဲ့တယ်။ မမလီဆာရေ။

ကယ်တင်ခံရသူဟာကျနော်ဖြစ်နေပြီး တချိန်တည်းမှာပဲ နတ်ဆိုးဟာလည်းကျနော်ပဲဆိုတာသိခဲ့ရတယ်။လက်ဗလာပါပဲ။ စိတ်အသေပါပဲ။ပိုပိုပြီးကွေးညွတ်လာတဲ့ကျောရိုးတွေဟာ သက်သေပါပဲ မမလီဆာ။ကျနော်အကုန်ရောက်ပြီးပြီ။ဒီတိုင်းပြည်မှာတကယ့်အသံဆိုတာမရှိဘူး။

စစ်မှန်တဲ့ လက်သီးလက်မောင်းဆိုတာလည်းမရှိဘူး။မမလီဆာ မလာခဲ့နဲ့။

ကျနော်အကုန်ရောက်ပြီးပြီ။ ဒီနေရာမှာ ဘာမှ အမှန်တကယ် မရှိဘူး။

*ရည်ညွှန်း – ဆရာဇေယျာလင်း ၏ ” မမလီဆာ လိုင်ဇာရောက်ဖူးလား “ကဗျာ

( “The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘​​​လူ​ရောင်လွင်’ရေးဖွဲ့တဲ့ “​​မမလီဆာ ကျနော် အကုန်ရောက်ပြီးပြီ၊ဘာမှမရှိဘူး” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …