Connect with us

Hi, what are you looking for?

ကဗျာ

“မမလီဆာ ကျနော် အကုန်ရောက်ပြီးပြီ၊ဘာမှမရှိဘူး”

◼️လူရောင်လွင်

ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းရော ဝင်တုန်းက ကျနော်ဟာ ရေလိုဖောက်မြင်နေရတဲ့ စိတ်နဲ့။

အခုတော့ ရွှေကျင်ထားတဲ့ချောင်းကောတစ်ခုရဲ့သဲမှုန်စတွေလို လေနှင်ရာပါပဲ။

မမလီဆာရေ ကျနော်တို့မှာ ဆင်သွားတိုင်းလမ်းမဖြစ်တာကိုသိပြီးမှတော့ ဆင်ပေါ်ကပြုတ်ကျလည်း မထူးတော့ဘူးမလား။

Public Service Announcement

Public Service Announcement

ကျနော် အကုန်ရောက်ပြီးပြီ မမလီဆာ။မလာခဲ့နဲ့။

ကီလီမန်ဂျာရိုးမှာလည်း နှင်းတွေ မဝေတော့ဘူး။ရေတွင်းထဲကိုငုံ့ကြည့်ပြီး နှင်းရေလို့ အော်ခေါ် လည်း ဘာအသံမှ ထွက်မလာတော့ဘူး။

ပေါက်နေတဲ့ ဦးခေါင်းခွံတွေကို လိမ်ချိုးပြီး သီကုံးဝတ်ဆင်ထားတာတောင် ကျနေ့ာ်လမ်းဟာ လမ်းမဖြစ်သေးဘူး မမလီဆာ။

လူတွေဟာ လူမဖြစ်ကြသေးဘူး။စစ်ပွဲကို လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ခေါ်သွားပြီး တစ်ယောက်မကျန် ငတ်စေချင်တဲ့ စိတ်အသေကြီးတစ်ခုကောက်ရခဲ့တာပဲ အဖတ်တင်ကျန်ခဲ့တယ်။ မမလီဆာရေ။

ကယ်တင်ခံရသူဟာကျနော်ဖြစ်နေပြီး တချိန်တည်းမှာပဲ နတ်ဆိုးဟာလည်းကျနော်ပဲဆိုတာသိခဲ့ရတယ်။လက်ဗလာပါပဲ။ စိတ်အသေပါပဲ။ပိုပိုပြီးကွေးညွတ်လာတဲ့ကျောရိုးတွေဟာ သက်သေပါပဲ မမလီဆာ။ကျနော်အကုန်ရောက်ပြီးပြီ။ဒီတိုင်းပြည်မှာတကယ့်အသံဆိုတာမရှိဘူး။

စစ်မှန်တဲ့ လက်သီးလက်မောင်းဆိုတာလည်းမရှိဘူး။မမလီဆာ မလာခဲ့နဲ့။

ကျနော်အကုန်ရောက်ပြီးပြီ။ ဒီနေရာမှာ ဘာမှ အမှန်တကယ် မရှိဘူး။

*ရည်ညွှန်း – ဆရာဇေယျာလင်း ၏ ” မမလီဆာ လိုင်ဇာရောက်ဖူးလား “ကဗျာ

( “The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ

‘​​​လူ​ရောင်လွင်’ရေးဖွဲ့တဲ့ “​​မမလီဆာ ကျနော် အကုန်ရောက်ပြီးပြီ၊ဘာမှမရှိဘူး” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...