Connect with us

Hi, what are you looking for?

ကဗျာ

“မင်ရည်ခတ်တဲ့ ဂီတ (သို့) အမေ့ထံ ပေးစာ”

သို့ အမေ
အမေ့ကိုစိတ်ပူတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။
လက်သန်းမှာ စွန်းထင်းဆဲ မင်ရည်စက်ပေါ်
အတိတ်ဟာ အိပ်မပျော်နိုင်သေးဘူး။

 ချမ်းငြိမ်း

(၁)
သို့ အမေ
အမေ့ကိုစိတ်ပူတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။
လက်သန်းမှာ စွန်းထင်းဆဲ မင်ရည်စက်ပေါ်
အတိတ်ဟာ အိပ်မပျော်နိုင်သေးဘူး။
မုတ်သုံနှောင်းက ထုံထိုင်းနေတဲ့ လေမှာ
စပယ်ဖူးလေးတွေ ကြွေနေကြတယ်
အိပ်မက်ဆိုးနဲ့ တေလေနှင်းစက်
မြောက်အရပ်က ရောက်ရောက်လာတယ်။

(၂)
ဓူဝံကြယ်မှာ မြေခိုးတွေ ဝေနေတယ် အမေ
ဘယ်လမ်းလျှောက်လျှောက်
တနေရာထဲကိုပဲ ပြန်ပြန်ရောက်နေတဲ့
ဖေဖော်ဝါရီရဲ့ နောက်ပြန်လည်သွားတဲ့ နာရီမှာ
စက္ကန့်တံလေးတွေ တတီတီ မြည်လို့ပေါ့
ကျနော်တို့
ကိုယ့်တောင်ပံ ကိုယ်ချွတ်ချသလို
ပြန်မရနိုင်တာတွေ လွှတ်ချလိုက်ကြတယ်
ကိုယ့်နာရီနဲ့ ကိုယ်မို့
ရာသီဆိုးမှာ သိကြပါတယ်
ဒါပေမယ့် အမေရယ်
မိုးက သည်းလိုက်တာ
မီးကို တိုးပြီး ရေမှာ အတောင်ကျွတ်
ပိုးဖလံလေး လွတ်လပ်သွားသလို
စီးနေတဲ့ မြစ်မှာ
ရေစီးအသစ် ဖြစ်ဖြစ်သွားပါတယ်။

(၃)
တောခြောက်တဲ့ ခေတ်မှာ
ကျနော်တို့ သစ်မြစ်ကို မြင်ကြပါတယ်
ပင်ခြေသင်္ချိုင်း
ခေတ်တိုင်းက သစ်ရွက်စိမ်းတွေ
ကိုယ့်ကိုယ်ကို ချွေချရင်း ကျောက်စာဖြစ်သွားတဲ့
မုန်တိုင်းကဗျာတွေ
သူတို့ တယောက်ပြီး တယောက်
ကျနော်တို့ ခေတ်ဆီ ရှင်ပြန်ထမြောက်လာခဲ့တယ်။
“လက်နက်ကိုင်တော်လှန်ရေး”
သမိုင်းရဲ့ ဝင်္ကပါမှာ
အာဏာရှင်အတွက် ပုစ္ဆာ
ဒီ အဖြေပဲ ပြန်ပြန်လာတယ် အမေ။

Public Service Announcement

Public Service Announcement

(၄)
နေကောင်းရဲ့လား အမေ
အပြင်မှာ နှင်းမိုးတွေ စွေနေတယ်
ဆောင်းမှာ ဆက်ရက်ငှက်တွေ
သိပ် စကားများတယ် မေမေ
သူတို့ ဗလာဖြစ်သွားတဲ့
ကျနော်တို့
လက်သန်းတွေ မင်ရည်စွန်းတဲ့ နှစ်
ပစ္စုပ္ပန် ဖြစ်နေတုန်းဆိုတာ
အားလုံး သိကြပါတယ်
ကျနော်တို့ မဲ ထပ်မပေးတော့ပါ
အားလုံး အဆင်ပြေအောင် နေပါတယ်
အမေ နေကောင်းပါစေ။

၂၀၊ ဒီဇင်ဘာ၊ ၂၀၂၅

(“The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ
‘ချမ်းငြိမ်း’ရေးဖွဲ့တဲ့ “မင်ရည်ခတ်တဲ့ ဂီတ (သို့) အမေ့ထံ ပေးစာ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

တလမ်းလုံး စကားတခွန်းမှမပြောပဲ မှိုင်လာတဲ့ ကိုလင်း။ အဖွဲ့စည်းကိစ္စတွေ ခေါင်းထဲမရှိ။ သူပြောပြောလာတာ “ငါ ပြန်အဆင်ပြေပါ့မလားကွာ”တဲ့။

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ရသစာတမ်းငယ်

စစ်ရှောင်ခဲ့ကြပြီးသည့်နောက်” ■ ထွင် “သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူသူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း” (အနန္တသူရိယ- မျက်ဖြေလင်္ကာ) Public Service Announcement ‘မေ’ လသည် မြန်မာနိုင်ငံတွင် အပူဆုံးလ ဖြစ်သည်။ သင်္ကြန်ရောက်တိုင်း သင်္ကြန်မိုးရုပ်ရှင်ကို ထုတ်လွှင့်ပြသသကဲ့သို့ ‘မေ’ လ ရောက်တိုင်းလည်း ဆရာဝင်းဖေ၏ ‘မေလလယ်’ ဝတ္ထုတိုလေးကို ဖေ့ဘွတ်တွင်...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

Facebook