Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။

ကဗျာ

အေးစက်စက်ရာသီဥတုထဲ တယောက်တည်းလျှောက်သွားမိတိုင်း အမလက်ဖဝါးနွေးနွေးကိုသတိရတယ်။ အမကြိုက်တဲ့ မြက်ရိုင်းပန်းဖြူတွေ၊ အမ မကြိုက်တဲ့စစ်ပွဲတွေ။

ဝတ္ထုတို

■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...

ရသစာတမ်းငယ်

တနေ့က မြို့ကလေး၏​ ဘူတာရုံနား ရောက်ဖြစ်ခဲ့သည်။ ဘူတာရုံကလေးသည် လူသူမရှိ တိတ်ဆိတ်ငြိမ်သက်လျက်။ ဘူတာဝန်းကျင် မြက်ပင်ရိုင်းတွေ ထူထပ်စွာ ပေါက်ရောက်နေသည်။ ဘူတာနှင့် မလှမ်းမကမ်းမှာတော့ တစ်ထပ်တဲအိုကြီးတစ်လုံးက ယိုင်နဲ့နဲ့တည်ရှိနေသည်။ ထိုတဲအိုကြီးကိုကြည့်ရင်း ကျနော် ဆွေးဆွေးလျလျဖြစ်ခဲ့ရပါသည်။

ကဗျာ

ချမ်းငြိမ်း (၁) သို့ အမေအမေ့ကိုစိတ်ပူတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။လက်သန်းမှာ စွန်းထင်းဆဲ မင်ရည်စက်ပေါ်အတိတ်ဟာ အိပ်မပျော်နိုင်သေးဘူး။မုတ်သုံနှောင်းက ထုံထိုင်းနေတဲ့ လေမှာစပယ်ဖူးလေးတွေ ကြွေနေကြတယ်အိပ်မက်ဆိုးနဲ့ တေလေနှင်းစက်မြောက်အရပ်က ရောက်ရောက်လာတယ်။ (၂) ဓူဝံကြယ်မှာ မြေခိုးတွေ ဝေနေတယ် အမေဘယ်လမ်းလျှောက်လျှောက်တနေရာထဲကိုပဲ ပြန်ပြန်ရောက်နေတဲ့ဖေဖော်ဝါရီရဲ့ နောက်ပြန်လည်သွားတဲ့ နာရီမှာစက္ကန့်တံလေးတွေ တတီတီ မြည်လို့ပေါ့ကျနော်တို့ကိုယ့်တောင်ပံ ကိုယ်ချွတ်ချသလိုပြန်မရနိုင်တာတွေ...

ရသစာတမ်းငယ်

ဆောင်းသွေးရင့် လူတယောက် ကျနော့်ဆီ မက်ဆေ့ပို့ခဲ့ဖူးတယ်။ သစ်လုံးခုံတခုတွင် ထိုင်ရင်း ထွက်ခါနီး ကားတစီးကို လက်ပြမိပါသည်။ ဝင်လာသော ဆိုင်ကယ် အပြာရောင်အား လိုက်ကြည့်ရင်း ရေခဲ့မုန့်ပါလာကြောင်းသိလိုက်၏။ ကလေးများ၏ ဆူညံသံကို ကြားမိပါသည်။ ကျွဲကောသီးသေးသေးလေးတပင်ရဲ့အောက်တွင် ရခိုင်မုန့်တီအိုးက မီးဖိုပေါ်၌ ဆူပွက်နေပါသည်။ ဆစ်ကနယ်နှင့် ဖေ့ဘွတ်မက်ဆင်ဂျာမှ ရောက်လာသော...

ဝတ္ထုတို

"ဒုန်း" ဆိုတဲ့ အသံနက်ကြီးနဲ့အတူ ​ဝင်​​ဆောင့်မှု​တခုကို ခံစားလိုက်ရတယ်။ အဲ့​နောက် ငါ့ခန္ဓာကိုယ်ရဲ့ အ​​သေးဆုံး ယူနစ်ဖြစ်တဲ့ သဲမှုန့်​လေးများ လွင့်ဖွာသွားတယ်။ တချို့က အောက်ဆုံး ကြမ်းပြင်မှာ အနည်ထိုင်သွားတယ်။ တချို့က ဟို​​မျော ဒီလွင့်၊ ဟို​ရောက်၊ ဒီကပ်နဲ့ အနယ်နယ်အရပ်ရပ်သို့ စုန်ဆန်​နေကြတယ်။ ငါ့ရဲ့ အ​ခြေခံ...

ကဗျာ

ဗုံးကြဲခံရတဲ့ စာသင်ကျာင်းက ကလေးတွေအသားစ ကျနော့် ငယ်ထိပ်​ပေါ်လာစင်တယ်

ဝတ္ထုတို

နေသည် ကြဲကြဲတောက် ပူနေ၏။ ရွှေဝါသည် လှန်းထားသော ငရုတ်များ၏ အခြေအနေကို ကြည့်ရန် ခ‌မောက်ကို ဆောင်းကာ တလင်းထဲ ထွက်လာလိုက်သည်။ ကောင်းကင်ကိုလည်း မော့ ကြည့်ရသေး၏။ အိမ်အပြင်ထွက်သည်နှင့် ကောင်းကင်ကို မော့ ကြည့်ရသည်မှာ ရွှေဝါတို့ တရွာလုံး၏ အကျင့်လိုပင် ဖြစ်နေပြီ။ ရွှေဝါ့အမေ...

ဝတ္ထုတို

ကျောပိုးအိတ်လေးချ၊ မီးဖိုချောင်ထဲ တကုတ်ကုတ် အလုပ်ရှုပ်နေတဲ့ အမေ့ဆီ သွားနှုတ်ဆက်လိုက်ပါတယ်။ အမေက ကျနော့်အကြိုက် လက်ဖက်သုတ်နေတာကိုး။ အမေ ကမ်းပေးတဲ့ လက်ဖက်သုတ်လေး တဇွန်းတောင် မစားရသေးဘူး၊ ဖုန်းခေါ်သံ ကြားလိုက်ရတယ်။

Facebook