Hi, what are you looking for?
နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမ်းကလေးထဲ ကိုအောင်ခန့်ဇော်တို့ ဆိုင်ကယ်တွေဝင်လာရင်ပဲ ဘုရားဝင်းထဲက မျောက်တွေ မျက်လုံးတောက်ပသွားကြတယ်။ ဆိုင်ကယ်နောက်မှာတင်လာတဲ့ ဂျက်ဖာတွေထဲမှာ သူတို့အတွက်တခုခုပါလောက်တယ်ဆိုတာကို သိနေသလိုနဲ့ ကြည့်နေကြတယ်။ ဆိုင်ကယ်လည်း ရပ်လိုက်ရော မျောက်တွေ ဆိုင်ကယ်တွေနား ဝိုင်းအုံလာကြတယ်။
အစားအသောက်ကောင်းကြိုက်တဲ့သူတိုင်း သဘောကျတတ်ကြတဲ့ မန္တလေးမြို့မှာ အခုဆိုရင် မန္တလေးအစားအစာတွေအပြင် နယ်စုံဒေသစုံက အစားအသောက်တွေ ပိုမိုစုံလင်များပြားလို့နေပါပြီ။ ဘာလို့လဲဆိုတော့ အနယ်နယ်အရပ်ရပ်ကနေ စစ်ရှောင်ရင်း မန္တလေးမြို့ပေါ်ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ဒေသအစားအစာဆိုင်လေးတွေ ပေါ်ပေါက်လာခဲ့လို့ပါ။