Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး

ဒါကသမိုင်းတ​လျှောက်ဖျက်အားအပြင်းဆုံးငလျင်ကြီးလှုပ်ပြီးတစ်ပတ်ကျော်အကြာကမန္တလေးမြို့တ​နေရာရဲ့ မြင်ကွင်းဖြစ်ပါတယ်။ မန္တ​လေးမြို့ရဲ့ လမ်းအားလုံးနီးပါးမှာ ငလျင်ကြီး​ကြောင့်အ​ဆောက်အအုံပျက်​ မရှိတဲ့လမ်း မ​တွေ့ရ​ပါဘူး။

စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး
စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး

​ရောင်နီထွန်း/People’s Spring

ပြိုပျက်နေတဲ့ အဆောက်အဦးကြီးကို လူအုပ်ကြီးဝိုင်း‌​နေပါတယ် ။ အ​ဆောက်အအုံက အခုအခါမှာအုတ်ပုံကြီးတခုအဖြစ် မြင်​တွေ့ရပြီး ထိုးထောင်ထွက် နေတဲ့သံ​ချောင်း​တွေကိုကြည့်ပြီးအရင်က ဘယ်လိုအ​ဆောက်အအုံဖြစ်နိုင်တယ်ဆိုတာခန့်မှန်းကြည့်လို့ရပါတယ်။

အ​ဆောင်အအုံပျက်အနီးကို ကပ်ကြည့်လိုက်တဲ့အခါအပုပ်နံ့တချို့ နှာခေါင်းထဲဝင်လာပါတယ်။

အဲဒီအပြိုအပျက်တွေကြားထဲက​နေ မီးခိုးတွေအူထွက်လာ​​နေတာကိုလည်းမြင်ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါကသမိုင်းတ​လျှောက်ဖျက်အားအပြင်းဆုံးငလျင်ကြီးလှုပ်ပြီးတစ်ပတ်ကျော်အကြာကမန္တလေးမြို့တ​နေရာရဲ့ မြင်ကွင်းဖြစ်ပါတယ်။

မန္တ​လေးမြို့ရဲ့ လမ်းအားလုံးနီးပါးမှာ ငလျင်ကြီး​ကြောင့်အ​ဆောက်အအုံပျက်​ မရှိတဲ့လမ်း မ​တွေ့ရ​ပါဘူး။

တကယ့်ကိုမြို့ပျက်ကြီးတခုကို မြင်​တွေ့​နေရသလိုဖြစ်ပါတယ် ။

လမ်းတွေပေါ်မှာ​တော့ ငလျင်ကူညီရေးဆိုင်းဘုတ်တပ်ထားတဲ့ကားတွေ၊ကယ်ဆယ်ရေးယာဉ် တွေ၊မီးသတ်ကား​တွေနဲ့ အရေးပေါ်ကားတွေကို မကြခဏတွေ့မြင်​နေရပါတယ်။ကွင်းပြင်ကျယ်ကျယ်တွေမှာ​တော့ငလျင်ဘေးရှောင် ပြည်သူတွေရဲ့ယာယီနေရာထီးအကြီးတွေကိုတွေ့မြင်ရပါတယ် ။

စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး
စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး

■ငလျင်ကြီးလှုပ်တဲ့အချိန်

မတ်လ ၂၈ ရက်​နေ့ (သောကြာ်နေ့ )​​မြေငလျင်ကြီးမလှုပ်ခင်အထိမြို့ဟာပုံမှန်အတိုင်းလည်ပတ်​နေပါတယ် ။ မကြာခင် ဖျက်အားပြင်းလှတဲ့ ​မြေငလျင်ကြီးလာ​တော့မယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။

မန္တလေးမြို့ခံလူငယ်တဦးက “အဲဒီအချိန်ကကျွန် တော်ကျုံး ဘေးမှာ သူငယ်ချင်းတ ယောက်နဲ့ ကား မောင်းနေတဲ့အချိန်ပဲ။ရုတ်တရက်ဘာဖြစ်သွားမှန်းမသိလိုက်ဘူး။ကားကြီးလှုပ်လာတယ်။နည်းနည်းကြာမှကားရပ်ပြီး အောက်ဆင်း ပြေးရတာ။လမ်းပေါ်လည်းချက်ချင်းလူအပြည့်ဖြစ်သွားတယ်။သတိပြန်ဝင်တဲ့အချိန်မှာ ကျုံးထဲက နန်းမြို့ရိုးတွေ ပြိုကြနေပြီ။အိမ်ပြန်တော့လမ်းမှာ တိုက်ပြို တွေဆက်တိုက် တွေ့ရတယ်။၅မိနစ်လောက်အတွင်းမှာ မြို့ပျက်ကြီးဖြစ်သွားတယ်”လို့ ငလျင်ကြီးလှုပ်ချိန်အ​တွေ့အကြုံကိုဖွင့်ဟပါတယ်။

အိမ်ပြန်ရောက်တဲ့အချိန်မှာအတွင်းပိုင်းပျက်စီးနေတဲ့ အိမ်ကို တွေ့ရတယ်လို့သူက​ပြောပါတယ်။

လူတွေအားလုံး မိနစ်ပိုင်းအတွင်းလမ်းပေါ်ရောက်လာကြပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အခြေအနေပါ။ ခဏအကြာမှာ​တော့ပရဟိတလူမှုကယ်ဆယ်ရေးအဖွဲ့​​တွေကား တွေအဆက်မပြတ်ထွက်ပါတယ်။

မန္တ​လေးတက္ကသိုလ်အပါအဝင်၇၃ လမ်းမ‌‌တလျှောက်မီးခိုးတွေ အူထွက်လာလို့ မီးသတ်ကားသံ တွေလည်းနေရာစုံကဆူညံလာပါတယ်။

မိနစ်အနည်းငယ်အတွင်းမှာ ​နောက်ထပ်ငလျင်ကြီးတစ်ခုထပ်လှုပ်တာကြောင့် ကမ္ဘာပျက်သလိုဖြစ်ကုန်ပါတယ် ။ တကယ်​တော့ ၁၂ မိနစ်​လောက်သာခြားတဲ့ ငလျင်ကြီး နှစ်ခုဟာ ​ရှေ့က ငလျင်ကြီးကအ​ဆောက်အအုံ​တွေကို ယိုင်နဲ့သွား​အောင်လှုပ်

ယမ်းလိုက်ပြီး ​နောက်ကငလျင်ကြီးကအ​ဆောက်အအုံ​တွေကိုဖြိုချလိုက်တာဖြစ်ပါတယ် ။

ဖုန်း၊အင်တာနက်၊မီး​တွေအားလုံးပျက်သွားပါတယ်။ တမြို့လုံးဟာ မိနစ်ပိုင်းအတွင်း မြို့ပျက်ကြီးဖြစ်သွားပါတယ်။ခဏကြာ​တော့ မြို့အတွင်းက SKY Villa ကွန်ဒိုကြီးပြိုကျပြီး လူ​တွေသေတယ်ဆိုတဲ့ သတင်း စထွက်လာပါတယ်။ ကောလဟာလမျိုးစုံလည်း ထွက်လာပါ​တော့တယ်။

စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး
စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး

​​နောက်ထပ်ငလျင်ကြီးထပ်လှုပ်ဦးမယ်ဆိုတဲ့​ကောလဟလက​တော့ ပြည်သူ​တွေကို ​ဆောက်တည်ရမရအ​ကြောက်ပို​စေခဲ့ပါတယ် ။ ဘယ်နှစ်နာရီ​နေရင်ငလျင်လှုပ်​တော့မယ် ၊ဘယ်​နေ့မုန်းတိုင်းလာဦးမယ်ဆိုတဲ့ သတင်းအမှား​တွေကို ရပ်ကွက်ထဲ ​လော်စပီကာနဲ့ကို ​အော်​နေသူ​တွေရှိ​နေတာပါ။ ငလျင်ကိုဘယ်ပညာရှင်မှ ကြိုတင်ခန့်မှန်းနိုင်တာမသိတာမို့ ငလျင်လှုပ်​မယ်​ပြော​နေတာဟာ သတင်းအမှားဖြန့်​နေတယ်ဆိုတာကို လိုက်​ကြေညာ​ပေး​နေသူ​တွေမသိပဲ ယုံယုံကြည်ကြည်ကိုသတင်းအမှားဖြန့်​နေကြတာဖြစ်ပါတယ် ။အဲလိုဆိုရင် ငလျင်သင့်ပြည်သူ​တွေ​ကြောက်ပြီး​နေစရာမရှိကြ​တော့ပါဘူး။

ငလျင်ကြီး အပြီးမှာစစ်​​ကောင်စီရဲ့ယန္တရားအားလုံး​ပျောက်ကုန်ပါတယ်။ ကံ​ကောင်းတာတစ်ခုက ဒီငလျင်ကြီး ၂ ခုက ​​​နေ့ခင်းဘက်လှုပ်လို့ သက်သာတာပါ ။ညဘက်ကြီးမှာသာလှုပ်ခဲ့ရင် မ​တွေးဝံ့​အောင်ပါပဲ။

အိမ်ပြိုသူ တွေလည်းကိုယ့်နည်းကိုယ့်ဟန်နဲ့ လမ်းဘေးမှာ အိပ်နိုင်ဖို့​ဘေးကင်းမယ်ထင်တဲ့​နေရာရှာရပါတယ် ။ ဘယ်အစိုးရ ၊အဖွဲ့အစည်းမှ မရှိသလို ၊ကူညီ​ပေးမယ့်သူလည်းမရှိခဲ့ပါဘူး။

ငလျင်ကြီး​ကြောင့်ပျက်စီးမှုအများဆုံးကြုံတာဟာနေအိမ်​တွေ ၊ဟိုတယ်တွေ စတဲ့​နေရာ​တွေအများဆုံးပြိုကျခဲ့ပါတယ်။

ဒါ့အပြင် လူမသိ၊သူမသိ လောင်းကစားရုံတွေလည်း မလွတ်ပါဘူး။အောင် မြေသာစံမြို့နယ်၊၈၈လမ်း၊၁၁လမ်းအနီးက အထက်မြင့်အ ဆောက်အဦးတခုပြိုကျပြီး အဲဒီထဲမှာ လောင်းကစားဝိုင်းအများအပြားရှိတယ်လို့သိရပါတယ်။

အဲဒီအဆောက်အဦးကို မတ်လ၂၉ရက်နေ့က ရပ်ကွက် နေပြည်သူတွေရဲ့ ပြောကြားချက်အရ ကယ်ဆယ် ရေးအဖွဲ့တခုက လာကြည့်​ပေးသွား​ပေမယ့် ကယ်ဆယ်​တော့မလုပ်ပဲပြန်သွားတယ်လို့သိရပါတယ်။

မတ်လ၃၀ရက် နေ့မှာ​တော့အ​ဆောက်အအုံပျက်​တွေထဲက အပုတ်နံ့ တွေထွက်လာပါတယ်။ အိန္ဒိယကယ်ဆယ်ရေး အဖွဲ့လာကြည့်ခဲ့ပေမယ့် အသက်ရှင်သူမရှိဘူးဆိုပြီး ပြန်သွားတယ်လို့ ရပ်ကွက် နေပြည်သူတဦးက ပြောပါတယ်။

“ဘယ်သူ တွေသေပြီး ဘယ်နှ ယောက်လဲဆိုတာ ဘယ်သူမှမသိဘူး။ပိနေတဲ့ ဆိုင်ကယ်အရေ အတွက်နဲ့ ရမ်းပြီး ခန့်မှန်းနေကြတာ။အဲတာက နာမည်ကြီးဂျင်ဝိုင်း”လို့ ရပ်ကွက် နေပြည်သူတဦးက ပြောပါတယ်။

ချမ်း အေးသာစံမြို့နယ်ထဲကတည်းခိုခန်းတခုပါ။နာရီပိုင်း နဲ့ အခန်းငှားရပြီး အမြဲတမ်းလူပြည့်တဲ့ နေရာဖြစ်တယ်လို့သိရပါတယ်။ဒီတည်းခိုခန်းပြိုကျမှုမှာလည်း သေဆုံးသူများပြီး လူဦး ရေအတိအကျကိုဘယ်သူမှမသိရပါဘူး။

ဒီမြို့နယ်ထဲက တိမ်ဖြူဟိုတယ်ကတော့ ဧပြီလဆန်းမှာ အလောင်း ဖော်တာ တွေဆက်တိုက်လုပ်ခဲ့ပါတယ်။ဒီလိုမျိုး လူမသိသူမသိ သေဆုံးသူတွေ အများအပြားရှိခဲ့ပြီး စစ်ကောင်စီဘက်က မှန်ကန်တဲ့ သတင်းအချက်အလက်မထုတ်နိုင်ခဲ့ပါဘူး။

ငလျင် နောက်ဆက်တွဲအ နေနဲ့ မန္တလေးမြို့ကရပ်ကွက် တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကိုတပါတ်ကျော်အထိ ရေ၊မီးဖျက်ထားခဲ့ပါတယ်။

စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး
စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး

■လုံခြုံရေး

ငလျင် ဘေး ကြောင့် မန္တလေးမြို့မှာ ပြိုမကျဘဲကျန်နေခဲ့တဲ့အဆောက်အဦး တွေဟာ အက် ကြောင်းအရာနဲ့နံရံကွာကျတာတွေ ကြောင့်လမ်းမပေါ်ထွက်အိပ်ကြရပါတယ်။လမ်းမပေါ်အိပ်နေတဲ့ပြည်သူတွေအတွက် စစ်တပ်၊ရဲစတဲ့ စစ်​ကောင်စီ လုံခြုံရေးအဖွဲ့​တွေကိုလုံးဝမမြင်ရပါဘူး။ဒီကာလဟာ မန္တလေးမြို့ ပေါ်မှာရဲနဲ့စစ်တပ် ကြက်ပျောက်၊ငှက်ပျောက် ပျောက်တဲ့ကာလလို့ဆိုရမှာပါ။

အပူပေါ်အပူဆင့်လို့ ဆိုရမှာပါ။အရင်ကတည်းက လုယက်မှုထွန်းကားခဲ့တဲ့ မန္တလေးမြို့ဟာ သူခိုး၊ဓားပြရန်ပူလာရပြန်ပါတယ်။

“ည၈နာရီ လောက်ဆို ဆိုက်တွဲတွေ ဆိုင်ကယ် တွေနဲ့ တုပ်၊ဓားပါတဲ့အဖွဲ့တွေက ရပ်ကွက်ထဲပတ် နေပြီ။အပြင်ထွက်အိတ်တာတောင်ဘေးမှာဓားထားအိပ်ရတာ လို့မြို့ခံတဦးကပြောပါတယ်။

ချမ်း အေးသာစံမြို့နယ်၊၆၃၊၃၂-၃၃လမ်းကြားက ကွန်ဒိုမှာလည်း တိုက်ခန်းပိုင်ရှင် တွေက ပြိုကျမှာကြောက်လို့ ရှောင် နေကြတဲ့အချိန် သူခိုး တွေကအိမ်ထဲက ရေခဲသေတ္တာ၊အိမ်သုံးပစ္စည်းနဲ့ ရွှေငွေ တွေခိုးယူခံခဲ့ရတယ်လို့သိရပါတယ်။

ဧပြီလ၅ရက် နေ့ညပိုင်းမှာလည်း မဟာအောင်မြေမြို့နယ်စိန်ပန်းရပ်ကွက်ထဲအနုကြမ်းဝင်စီးဖို့ကြိုးစားတာမို့ ပြည်သူတွေ ဝိုင်းလိုက်ကြ ပေမယ့်တရားခံလွတ်သွားတယ်လို့သိရပါတယ်။

■စစ်ကောင်စီဘာ တွေလုပ် နေလဲ

ငလျင်လှုပ်ပြီး နာရီပိုင်းမှာနာမည်ကြီး SKY Villa နဲ့ Grate Wall Hotelတို့မှာ စစ်ကောင်စီတပ်သားလုံခြုံရး အနည်းငယ်တွေ့ရပါတယ်။ မတ်လ၂၉ရက် နေ့မှာ အင်အား၄‌ ယောက်နဲ့ စစ်ကားတစီး ကင်းလှည့် နေတာကို တွေ့ရပါတယ်။

ဧပြီလ ၁ ရက် နေ့မှာတော့ လုံခြုံ​ရေးအင်အားအများအပြားနဲ့မန္တ လေးမြို့ကစည်ပင်ရုံးထဲမှာ ငလျင် ဘေးသင့်ပြည်သူ တွေကိုလှူဒါန်းပွဲဆိုတဲ့ခေါင်းစဉ်နဲ့အခမ်းအနားလုပ်ပါတယ်။

ငလျင်လှုပ်ပြီး ၄ရက်အကြာမှ စစ်ကောင်စီရှိ​နေ​သေးတာကို သက်​သေပြနိုင်တဲ့လှုပ်ရှားမှုအနည်းငယ်ကိုသာမြင် တွေ့ခဲ့ရတာပါ။ ငလျင်ကြီးလှုပ်ပြီး စစ်ကောင်စီပထမဆုံး မန္တလေးမြို့မှာထုတ်ခဲ့တဲ့ ထုတ်ပြန်ချက်ကကျုံးအနီနေထိုင်သူတွေကိုပြောင်း‌ ရွေ့ကျဖို့ အမိန့်ပေးတဲ့စာပါ။

ဝေဖန်​နေတဲ့ကြားကပဲ ကျုံးဘေးမှာ စစ်တပ်ယာယီတဲ ၁၀လုံးထိုး ပေးခဲ့ပြီးမကြာခင်မှာပဲ ကျုံးဘေးနေ ပြည်သူတွေကို ကုသိုလ်တော် ဘုရားဝန်းက် အမြန်ရွေ့ပြောင်းခိုင်းတာပါ။

ကယ်ဆယ် ရေး၊လုံခြုံရေး၊ကျန်းမာရေးကိစ္စအဝဝကို ပြည်သူတွေအားလုံး ကိုယ်ထူကိုယ်ထစနစ်နဲ့သာ လုပ်ဆောင်ခဲ့ရတာပါ။

စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး
စစ်ကိုင်းငလျင်ကြီးနဲ့ မြို့မန္တ​လေး

■တပတ်ကျော်အကြာ

တစ်ပါတ်အကြာမှာရုပ်အလောင်းရှာဖွေမှု​တွေကိုကယ်ဆယ် ရေးအဖွဲ့တွေက ဇွဲ​ကောင်း​ကောင်းနဲ့ ဆက်ရှာ​ပေး​နေကြပါတယ်။ ​မြေ​ပေါ်ကိုလုံးလုံးအဆောက်အဦးဖြိုချတာတွေလည်းလုပ်နေကြပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဟာလုံခြုံရေး တွေနဲ့ မြို့တွင်းလှည့်လည်ခဲ့ပါတယ်။အဲဒီညမှာပဲ ကျုံးဘေးနေထိုင်သူတွေကို ညတွင်းချင်းအပြီး ရွေ့ပြောင်းခိုင်းခဲ့ပါတယ်။ တကယ်​တော့ ဧပြီ ၇ ရက်ျန့မှာ အာဏာသိမ်း​ခေါင်း​ဆောင် မန္တ​​လေးကိုလာမှာမို့ကျုံး​ဘေးမှာယာယီ​နေတဲ့ ငလျင်သင့်ပြည်သူ​တွေကို အမြန်​ရွေ့​ပြောင်းခိုင်းတာ သိကြရပါ​တော့တယ်။

ဧပြီ ၆ရက်နေ့မှာ ဗထူးဘောလုံးကွင်းကို ယာယီတဲတွေ ဆောက်လုပ်ခဲ့ပြီး လမ်း၃၀၊၇၂-၇၃(မင်္ဂလာဈေးဟောင်း)နေရာက ငလျင် ဘေးသင့်ပြည်သူ တွေကိုပြောင်းရွေ့တာတွေပြုလုပ်ခိုင်းခဲ့ပါတယ်။

ချစ်ရတဲ့မိသားစုဝင်​တွေဆုံးရှုံးလို့ ၊ပစ္စည်းဥစ္စာ​တွေဆုံးရှုံးရလို့ ၊အိမ်မရှိ​တော့မန္တ​လေးမြို့က ပြည်သူ​တွေဟာ ဝမ်းနည်းပူ​ဆွေ​နေကြချိန်မှာပဲစစ်​ကောင်စီက​တော့ ရက်ပိုင်းအတွင်း​ရောက်လာမယ့်သင်္ကြန်အတွက်မဏ္ဍပ်ဆောက်နေကြပြန်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဆောက်လုပ်ဆဲ အထပ်မြင့်တိုက် စီမံကိန်းနဲ့ ဆက်စပ်တဲ့ တရုတ် ကုမ္ပဏီ အမှုဆောင် တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

ဆောင်းပါး

မန္တလေးမြို့ပေါ်ရှိ ပြိုပျက်နေသော အဆောက်အဦးများအောက်က လမ်းမပေါ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင် တွန်းလှည်းလေးတစီးသည် တရွေ့ရွေ့ဖြတ်သန်းလာသည်။ စျေးသည် အမျိုးသမီးသည် အပြိုအပျက်လွတ်ရာတနေရာရောက်တော့ လှည်းကိုခေတ္တရပ်ရင်း မုန့်လက်ဆောင်တခွက် ဖျော်သောက်ရင်း သူ့ဝမ်းသူပြန်ဖြည့်နေသည်။ "စျေးက မရောင်းရသေးဘူး"ဟု သူက စိတ်မသက်မသာပြောပြသည်။

သတင်း

ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့နယ်၊ ခိုတောင်ရွာမှာ ရေတွင်းရေတိုင်တွေ ရေမထွက်တော့လို့ သောက်ရေ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။