Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
မတ်-၃၀၊၂၀၂၅။နေ့သစ်/People’s Spring ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်းခေါင်ကျော်တွင်မြေငလျင်လှုပ်မည်ဆိုသောကောလဟလများထွက်ပေါ်ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်ပေါ်တွင်မနေရဲတော့ဘဲ လမ်းပေါ်သို့ထွက်နေကြကြောင်းဒေသခံများကပြောသည်။ မြေငလျင်ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရသေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း မြေငလျင်လှုပ်မည် ၊အနီရောင်အဆင့်ဟုကြေညာသွားသည်ဆိုကာ ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်ရေးသားမျှဝေထားကြသည်။ ငလျင်လှုပ်မည်သတင်းများထွက်ပေါ်ပြီးနောက်ပြည်သူများမှာ တိုက်ခန်းများ ၊နေအိမ်များပေါ်တွင်မနေရဲတော့ဘဲ အိမ်အောက် ဆင်း၍...