Connect with us

Hi, what are you looking for?

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံကြောင်း ကနီမြို့နယ်ပြည်သူတွေက ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီမှ ရဲဘော်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၄) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ

အောက်တိုဘာ ၁၄၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်ဦးဆောင်ကော်မတီမှ ရဲဘော်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၄) ပြုလုပ်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက “ကျွန်ုပ်တို့၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးသည် ဦးကျော်မိုးထွန်း သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရန်” ဆိုတဲ့ ဆိုင်းဘုတ်စိုက်ထူပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ