Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ညသန်း​ခေါင်တွင် ငလျင်​​ကောလဟလများ​ပျံ့ပြီး တိုက်​ပေါ်မှလူများလမ်း​ပေါ်​ရောက်လာ

ရန်ကုန်မြို့တွင် မတ် ၃၀ နံနက် ၁ နာရီ​ကျော်တွင် ငလျင်လှုပ်မည်စိုးရိမ်၍ လမ်း​ပေါ်လူများထွက်​နေကြစဥ်။ ဓါတ်ပုံ-CJ

မတ်-၃၀၊၂၀၂၅။​နေ့သစ်/People’s Spring

ရန်ကုန်မြို့တွင်မတ် ၂၉ ညသန်း​ခေါင်​ကျော်တွင်​မြေငလျင်လှုပ်မည်ဆို​သော​ကောလဟလများထွက်​ပေါ်​ပြီး မြို့နယ်အများစုရှိပြည်သူများမှာအိမ်​​ပေါ်တွင်မ​နေရဲ​တော့ဘဲ လမ်း​ပေါ်သို့ထွက်​နေကြ​ကြောင်း​ဒေသခံများက​ပြောသည်။

​မြေငလျင်​ကောလဟလမှဘယ်ကစထွက်လာသည်ကိုအတိအကျမသိရ​​သေးဘဲ ပြည်သူအချို့က ၎င်းတို့ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် ည၁၂ နာရီ မှ ၁ နာရီအတွင်း ​မြေငလျင်လှုပ်မည် ၊အနီ​ရောင်အဆင့်ဟု​ကြေညာသွားသည်ဆိုကာ ​ဖေ့စ်ဘွခ်လူမှုကွန်ယက်တွင်​​ရေးသားမျှ​ဝေထားကြသည်။

ငလျင်လှုပ်မည်သတင်းများထွက်​ပေါ်ပြီး​နောက်ပြည်သူများမှာ တိုက်ခန်းများ ၊​နေအိမ်များ​ပေါ်တွင်မ​နေရဲ​တော့ဘဲ အိမ်​အောက် ဆင်း၍ လမ်း​ပေါ်ထွက်​နေကြခြင်းဖြစ်သည်။ ပုဇွန်​တောင်၊ ​ဒေါပုံ၊ တာ​မွေ၊ မဂ်လာ​တောင်ညွှန်၊ လမ်းမ​တော်၊သက်န်းကျွန်း စသဖြင့် မြို့နယ်အများစုတွင် မတ်လ ၂၉ ညသန်း​ခေါင်အ​ကျော်တွင်လမ်း​ပေါ်၌ လူများစွာဆင်းနေကြသည်။ ည၁ နာရီ ​ကျော်အထိ လမ်းများ​ပေါ်တွင် လူအများအပြားရှိ​နေ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

အချို့ပြည်သူများမှာ အထက်မြင့်တိုက်များမှသက်ကြီးရွယ်အိုမိသားစုဝင်များကိုပင်​ခေါ်၍ ဆင်း​နေကြသဖြင့် ကျန်ပြည်သူအချို့မှာလည်းအိမ်​ပေါ်တွင်ဆက်​နေရမည်လား၊ ​အောက်ဆင်းရမည်လားဆိုသည်ကို ​ဖေစ်ဘွခ်တွင်​ရေးသားအကြံ​တောင်း​နေကြသည်ကိုလည်း​တွေ့ရသည်။

“ သူများ​တွေဆင်းလို့ ဆင်း​ပြေးလာတာဘာမှန်ူမငိဘူး ။အိပ်​ရေးကပျက် ခေါင်းကမူး “ ဟုရန်ကုန်မြို့ခံပြည်သူတစ်ဦးက​ပြောသည်။

ကမ္ဘာ​ပေါ်တွင်​မြေငလျင်လှုပ်မည်ကိုမည်သည့်နိုင်ငံတွင်မှ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိ​ကြောင်း​မြေငလျင်ပညာရှင်များက​ပြောသည်။ ဂျပန်နိုင်ငံကဲသို့ ​ခေတ်မီတိုးတက်​သောနိုင်ငံတွင်ပင် ​မြေငလျင်တိုင်းစက် ၊​ခေတ်မီကရိယာများစွာ အသုံးပြု​ထောက်လှမ်းသည့်တိုင် ငလျင်လှုပ်မည်ကို စက္ကန့်ပိုင်းသာကြိုသိ​ကြောင်း ၎င်းတို့က​ပြောသည်။ စစ်ကိုင်းပြတ်​ရွေ့အပါအဝင် ​မြေငလျင်​ကြောများစွာရှိ​သောမြန်မာနိုင်ငံမှာ ​မြေငလျင်အတွက်ကြိုတင်ကာကွယ်​ရေးအတွက်အ​ဆောက်အအုံများ ခိုင်ခံ​အောင်​ဆောက်ရန် ၊ ငလျင်လှုပ်လျင်အ​ရေး​ပေါ်တုံ့ပြန်ရန် ဆောင်ရန်၊​ရှောင်ရန်များကို သိ​အောင် ​​လေ့လာ​လေ့ကျင့်ထားရန် ပိုအ​ရေးကြီး​ကြောင်း​မြေငလျင်ပညာရှင်များက​ပြောသည်။

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီးဗဟိုပြု၍ ပြင်အား ၇ ဒသမ ၇ ရှိ​သော အင်အားကြီး ​မြေငလျင်ကြီးလှုပ်ခတ်ပြီး ​၁၂ မိနစ်ခန့်အကြာတွင်တံတားဦးမြို့နယ်အတွင်းဗဟိုပြု၍ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်ကြီးနှစ်ခုလှုပ်ခဲ့သဖြင့် မန္တ​လေး၊စစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝန်း​သေဆုံးသူ​​​ထောင်ချီရှိ​နေပြီဖြစ်သည်။ပြိုကျအ​​ဆောက်အအုံများတွင် ပိတ်မိ​နေသူ ၊ပိမိ​နေသူ၊​ ​ပျောက်ဆုံး​နေသူများစွာလည်းရှိ​နေဆဲဖြစ်သည်။ ​နောက်ဆက်တွဲ​မြေငလျင်ငယ်များမှာလည်းဆက်တိုက်လှုပ်​နေပြီ မတ် ၂၉ ည​နေပိုင်းတွင် ​နေပြည်​တော်ကိုဗဟိုပြု၍ အင်အားအသင့်အတင့်ရှိငလျင်လှုပ်ခဲ့သည်။ မတ် ၂၉ ရက်ည ၁၁ နာရီကျာ်တွင် ​နောက်ဆက်တွဲငလျင်လှုပ်ခဲ့သည်။

စစ်ကိုင်းငလျင်ကြီး​ကြောင့် ​သေဆုံးပျက်စီးဆုံးရှုံးမှုများခဲ့ပြီး​နောက်ဆက်တွဲငလျင်များဆက်တိုက်လှုပ်​နေရာ နိုင်ငံတဝန်းရှိပြည်သူများမှာ ​​မြေငလျင်အန္တရာယ်ကို ထိတ်လန့်​နေကြသည်။​မြေငလျင်​ကောလဟလ များလည်းဆက်တိုက်ထွက်​ပေါ်​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန်နစ္စတန် မြောက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် အများအပြား သေဆုံးမှာကို စိုးရိမ်ရတဲ့ အခြေအနေ ရှိနေကြောင်း အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လပြည့်ခဲ့ပါပြီ။ အချိန်ကာလအားဖြင့် နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ မန္တလေးမြို့မှာတော့ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ လုပ်ကိုင်နေရဆဲပါ။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေဆဲပါ။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ တစ်နေ့တည်းနဲ့ အင်အားပြင်း ငလျင်ကြီးနှစ်ခု လှုပ်ခတ်ခဲ့မှုအပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊မာန်အောင်မြို့အနီးကပင်လယ်ပြင်မှာရစ်ခ်တာစကေး ၄ ဒဿမ ၈ အဆင့်ငလျင် ဒီ‌နေ့ မနက်ပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။