Connect with us

Hi, what are you looking for?

သတင်း

SCEF နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံ​ဆွေး​နွေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၅၊၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) စတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ SCEF ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၁၄ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ PNLO ဒု- ဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် တို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပြီး ဆွေးနွေးမှု အကြောင်းအရာတွေကိုတော့ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

SCEFနဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေဟာ ဇူလိုင် လအတွင်းကလည်းပထမအကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတုန်းက ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဖို့ အကြောင်းအရာတွေ ဆွေးနွေးခဲ့တာလို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ရဲ့ အတွင်းရေးမှူး(၁) ခွန်ဦးက ပြောပြထားပါတယ်။

SCEFဟာ ပအိုဝ်း၊ မွန်၊ ရက္ခိုင်စတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအပြင် နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) နဲ့ တွေ့ဆုံမှုတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။အောက်တိုဘာ ဒုတိယပတ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဒုတိယအကြိမ်တွေ့ဆုံကာ စစ်ရေး အခြေအနေတွေ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ

(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး

(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲတွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲခဲ့တာဖြစ်ပါတယ်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်ပါဝင်ဖွဲ့စည်းထားပြီး စုဖွဲ့မှုပိုအား

ကောင်းအောင် လုပ်ဆောင်မယ်လို အသိပေးထားရာ မကွေးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ စတဲ့ အင်အားစုသုံးခုဟာ SCEFမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ မြန်မာပြည်သူများအား နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သော ကူညီဆောင်ရွက်မှုများနဲ့ ထောက်ခံကူညီပေးဖို့ မေတ္တာရပ်ခံတောင်းဆိုကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတကာ ပါလီမန်များ အဖွဲ့ညီလာခံသို့ တက်ရောက်ခဲ့တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရပ်တည်ချက်များ၊ ရည်မှန်းချက်များနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အောက်တိုဘာ ၈ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံကာ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။