Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

ကချင်ပြည်နယ် ပူတာအိုဒေသမှာ စစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သားစုဆောင်နေသလို ဒေသခံလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ဆန့်ကျင်ဖို့နဲ့ ချိန်းခြောက်ခံရပါက လာရောက်ခိုလှုံကြဖို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ဧရာဝတီမြစ်ရေလယ်ကျွန်းဒေသကိုဒီနေ့ (အောက်တိုဘာ၁၆ ရက် )ညနေပိုင်းမှာအာဏာသိမ်းစစ်တပ်ကလေ ကြောင်းကနေတိုက်ခိုက်တာကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ တိုက်လေယာဉ်တွေ အသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ရဲဘော်ဝေကြီးက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့် ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပအိုဝ်းဒေသခံ ၂ဦး သေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သတင်း

ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းအစိုးရက မြန်မာဘက် မြဝတီမြို့ဆီ စက်သုံးဆီပေးပို့တာကိုရပ်တန့်လိုက်တဲ့အပေါ် အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံသူ အမျိုးသားရေး လှုပ်ရှားသူ သူရိန်မင်းထွန်း ဦးဆောင်တဲ့အဖွဲ့က မနက်ဖြန် (ဖေဖော်ဝါရီ ၈ ရက်) မှာ မြဝတီမြို့မှာ ထိုင်းကိုဆန့်ကျင်ဆန္ဒပြမယ်လို့သိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း အနန်းကွင်းဗျူဟာစခန်းကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည့် နဂါးနီစစ်ကြောင်းစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တိုက်ခိုက်သိမ်းပိုက်ထားသည့် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသနှင့် ဆဒုံးဒေသအား စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၇ရက်) လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

People’s Spring စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်းမှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ “အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ...

သတင်း

မကွေးတိုင်းအတွင်း စစ်ရေးအရ အရေးပါသည့် နေရာများ၌ စက်တပ်လေထီးများကို စစ်ကောင်စီက ဖြန့်ကျက်ထားကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ဆဏ်း/People’s Spring ဓာတ်ဆီလောင်း မီးရှို့တဲ့အကြောင်းကို ဟာသဇာတ်ကွက်တစ်ခုအနေနဲ့ ရိုက်ကူးထားတဲ့ သရဲကားရုပ်ရှင်ကို လူမှုကွန်ရက်မှာ ဝေဖန်မှူမြင့်တတ်နေပါတယ်။ ” ရုပ်ရှင်ရိုက်ဖို့ သွက်လက်ဆိုတဲ့ကောင်ကို ကြိုးချည်ထားတယ်။ ကျော်ကျော်ဗိုက ‘မင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ မှာ’ ဆိုတော့ သွက်လက်က ‘ဒါဆို အားလုံးသနားသွားမှာပေါ့၊ ကြိုးစားမယ်၊ အကယ်ဒမီရအောင်...

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

Facebook