Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်ရှိ ထမင်းဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးနှစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နန်းဖဲကျေးရွာအနီး ပျက်စီးမှုကို တွေ့ရစဥ် ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၇ ရက် ည ၉နာရီခွဲခန့်က နန်းဖဲကျေးရွာအနီးရှိ ထမင်းဆိုင်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက်(၄၅)နှစ်အရွယ် ဆိုင်ရှင်အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။

“မနေ့ကည ၉ နာရီခွဲလောက်မှာ လေယာဥ်နဲ့လာကြဲသွားတာ။အသက် (၄၅)ဝန်းကျင် ဆိုင်ရှင်အမျိုးသမီးကတော့ နေရာမှာပဲ ဆုံးသွားတယ်”ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး ဦးဗညားက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒဏ်ရာရသူ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးအနက် အသက်(၂၀)ဝန်းကျင်အမျိုးသမီးတစ်ဦးမှာ ဆေးခန်းသို့ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။

“သူကတော့ ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန်ရခဲ့ တော့ ပို့နေတဲ့လမ်းမှာပဲ ဆုံးသွားတယ်။ကျန်တဲ့အမျိုး သမီး နဲ့အမျိုးသားတစ်ဦးကတော့ အသက်စိုးရိမ်စရာမရှိတော့ဘူး”ဟု စစ်ရှောင်အရေးကူညီသူ​က ပြောသည်။

ဇန်နဝါရီ ၃၁ရက်ကလည်း ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် (၅၀)ကျော်အရွယ်အမျိုးသမီး တစ်ဦးသေဆုံးခဲ့ရကြောင်း ဘောလခဲ PDFက ထုတ်ပြန် ထားသည်။

စစ်တပ်အာဏာသိမ်းပြီးမှ ယခု ဖေဖော်ဝါရီ ၁ရက်အထိ ကရင်နီပြည်နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၈၀၀ ခန့်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူနှင့် စစ်ရှောင် ၇၁၈ဦးသေဆုံးထားကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook