Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဖို့အသက်မပြည့်​သေးသူ​တွေကိုပါ အသက်ပြည့်မှတ်ပုံတင်ထုတ်​ပေးပြီး စု​ဆောင်းဖို့စစ်​ကောင်စီ စီစဥ်

People’s Spring

စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်းမှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

“အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ မှတ်ပုံတင်မရှိသေးတဲ့လူငယ်တွေကို တခါထဲဖမ်းဆီးကာ မြို့နယ်ထွေအုပ်ကထောက်ခံချက်လုပ်ပြီး လဝက ကတခါထဲ မှတ်ပုံတင်ထုတ်ပေးကာ စစ်မှုထမ်း​စေဖို့ စီစဥ်ျနတာဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

တံတားဦးမြို့နယ်ဘက်ကိုစုံစမ်းကြည့်ရာမှာ အမြန်လမ်း လေယာဥ်ကွင်းအဝိုင်းပတ်နဲ့ ပင်းယအဝိုင်းပတ်တွေမှာ စစ်တပ်အပါအဝင် အဖွဲ့စုံကဖမ်းဆီးလေ့ရှိပြီး တံတားဦးမြို့ထဲက ထွေအုပ်ရုံးမှာတခါထဲ ထောက်ခံစာတွေလုပ်ပေးပြီး စစ်မှုထမ်းဖို့ လုပ်ဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။

“ဒီဘက်မှာကပြောင်ပြောင်တင်းတင်းဖမ်းတာ။ယောကျာ်းတွေဆို အကုန်ကားပေါ်တင်တယ်။မိန်းမတွေပါလာရင်ပြန်လွှတ်တယ်။ယောကျာ်းလေးသီးသန့်ဆိုရင် ဆိုင်ကယ်တွေပါကားပေါ်ဆွဲတင်တာ “လို့တံတားဦးမြို့ခံတဦးကပြောပါတယ်။

လက်တ​လောမှာပုသိမ်ကြီးမြို့နယ်ထဲကကျေးရွာတွေမှာနေ့ရော၊ညပါစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်​ကောင်စီဟာ ဇန်နဝါရီ ၂၀ ရက်​နေ့ဟာစစ်မှုထမ်းဥပ​ဒေရဲ့ နည်းဥပ​ဒေပြဌာန်းပြီး​နောက်စစ်သားသစ်စု​ဆောင်းမှုကို ပိုမိုအတင့်ရဲလုပ်ကိုင်​​လာကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာဆွဲခံရပြီးနောက် ညောင်ကျိုးစခန်းရှေ့တန်းပို့ခံရသည့် စစ်မှုထမ်းအပတ်စဥ်(၆) သင်တန်းဆင်းတပ်သားသစ်တစ်ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးသည်။

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၁၁)အတွက်ဆိုပြီး မဲနှိုက်တာတွေ စတင်လုပ်နေပြီး မြို့နယ်စစ်ကောင်စီအဖွဲ့က မဲစာရင်းထဲမပါချင်ရင် ကျပ်သိန်း၁၀၀အထိ တောင်းယူတာတွေ လုပ်နေတ‌‌ယ်လို့ ‌‌‌ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အင်းမမြို့တွင် စစ်ကောင်စီက အဓမ္မတပ်သားသစ်စုဆောင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသော ပြည်သူနှစ်ဦးကို မဟာမိတ်များနှင့်ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃)နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက ပြောသည်။

သတင်း

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက် လူသစ်စုဆောင်းရာမှာ မိသားစုဝင်တွေကိုပါ ကိုယ်စား မဲနှိုက်ခိုင်းတာတွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ပြုလုပ်စေတယ်လို့ ရပ်ကွက်နေပြည်သူအချို့ထံကသိရပါတယ်။