Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ စစ်တ​ပ်က စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံနှင့်ကားအား တွေ့ရစဥ်။ဓာတ်ပုံ-CJ

Scorpio/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ဒီကနေ့(ဖေဖော်ဝါရီ ၇ ရက်) မနက် ၁ နာရီခန့်က ကနီမြို့နယ်၊ ဆူးလေကုန်းရွာကို စစ်ကောင်စီတပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ တက်လာတဲ့ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးသီးတစ်လုံးက ဘုန်းကြီးကျောင်းထဲကျပြီး ကျောင်းအဆောက်အအုံပျက်စီးကာ ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ နောက်တစ်လုံးကတော့ ရွာထဲကျပြီး အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“စက်တပ်လေထီးနဲ့က အရင်က မကြဲဖူးဘူးဗျ။ စက်တပ်​လေထီးက ဖြစ်နိုင်တယ်ဗျ။ မမြင်ရပေမယ့် ကျွန်တော်ကိုယ်တိုင်အသံကြားရတာ။”လို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်က ထောက်ကြံ့ကုန်းရွာအနီးကို ဗုံးသီးချတိုက်ခိုက်လို့ ပြည်သူ (၄)ဦး သေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ပါ​သေးတယ်။

ကနီမြို့နယ်ဟာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်နဲ့သိပ်မဝေးလို့ ယခုလို ဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့နိုင်တာကြောင့် ပြည်သူများအနေဖြင့် လေကြောင်း(လေယာဉ်)သတင်း၊စက်တပ်လေထီး(para motor)သတင်းများကိုအထူးအလေးထားကြဖို့နဲ့ နေအိမ်များမှာ ဗုံးခိုကျင်းများ(မဖြစ်မနေ)တူးကြဖို့ ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။

(စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော အဆောက်အအုံနှင့်ကားအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook