ဆဏ်း/People’s Spring
ဓာတ်ဆီလောင်း မီးရှို့တဲ့အကြောင်းကို ဟာသဇာတ်ကွက်တစ်ခုအနေနဲ့ ရိုက်ကူးထားတဲ့ သရဲကားရုပ်ရှင်ကို လူမှုကွန်ရက်မှာ ဝေဖန်မှူမြင့်တတ်နေပါတယ်။
” ရုပ်ရှင်ရိုက်ဖို့ သွက်လက်ဆိုတဲ့ကောင်ကို ကြိုးချည်ထားတယ်။ ကျော်ကျော်ဗိုက ‘မင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ မှာ’ ဆိုတော့ သွက်လက်က ‘ဒါဆို အားလုံးသနားသွားမှာပေါ့၊ ကြိုးစားမယ်၊ အကယ်ဒမီရအောင် ကြိုးစားမယ်’ လို့ဆိုတယ်။အဲဒါ အတော်ရယ်စရာကောင်းတဲ့ ဟာသပေါ့။ဘယ်လို သဘောထားတွေလဲဆိုတာ အခုချိန်ထိ အားပေးနေတဲ့ကောင်တွေ သိဖို့ပါ။ ဒါလည်း ရုံထဲထိ သွားပြီး အားပေးကြဦးမှာပါပဲ”လို့ ဝါနုသော်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူက ဗီဒီယိုဖိုင်နဲ့အတူတင်ခဲ့ရာ မျှဝေသူများပြားခဲ့ပြီး ဝေဖန်မှူလည်းများပြားနေတာပါ။
၂၀၂၄ ဖေဖော်ဝါရီက ဂန့်ဂေါမြို့နယ် မြောက်ခင်ရမ်းရွာမှာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦးကို စစ်ကောင်စီက အရှင်လတ်လတ်မီးရှို့သတ်သည့်ဖြစ်စဉ်ရှိခဲ့တာကြောင့် တော်လှန်ရေးဘက်တော်သားတွေက အဲဒီ့ဖြစ်စဉ်နဲ့နှိုင်းယှဉ် ဝေဖန်နေတာပါ။

Public Service Announcement
“အဲ့အခန်းကိုလိုင်းပေါ်မှာတက်လာလို့ကြည့်ကတည်းက အဲ့ကလေးတွေကို ပြေးမြင်ယောင်မိတယ်၊အင်းမကြာခင်တော့အပြောခံရတော့မယ်တော့တွေးမိသား၊မီးနဲ့ပတ်သတ်တာတခုခုတွေ့တိုင်းအရှင်လတ်လတ်မီးရှို့ခံရတဲ့သူတွေကိုအမြဲပြေးမြင်ယောင်မိတယ်”လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
“ဓာတ်ဆီလောင်းပြီး မီးရှို့တယ်ဆိုတာ လွယ်လွယ်ပြော ထွက်ရမယ့်စကားကို မဟုတ်တာသူတို့ကို ခံစားစေချင်တယ်”လို့လည်း နောက်တစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။
အဲဒီ့ဇာတ်ဝင်ခန်းပါဝင်တဲ့ သရဲကားဇာတ်ကားကို ဒီနေ့(ဖေဖော်ဝါရီ ၇) စတင်ရုံတင်ပြသနေတာဖြစ်ပြီး နေတိုး၊ ကျော်ကျော်ဗို၊ ခင်လှိုင်၊ မိုးမိုး၊ လီလီကျော်ခိုင်၊ ဝေလာရီ၊ ခြူးစစ်ဟန်တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
ထုတ်လုပ်ရေးအမည်က ကြည်နူးစေဖြစ်ပြီး စီစဉ်သူအောင်ကျော်စိုးလို့ပါဝင်ကာ ခင်လှိုင်က ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတာပါ။
“မနှစ်က ဒီအချိန်ပေါ့။ Memoryတက်လာတာ တကယ်စိတ်ပျက်စရာ၊ ရုပ်ရှင်ဆိုတာထက်ဝါဒသက်သက် တဖြည်းဖြည်းစုတ်ပြတ်သပ်လာတဲ့ လောကကြီး” လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကမှတ်ချက်ပြုပါတယ်။
စစ်ကောင်စီက အနုပညာရှင်တွေ အပါအဝင်နာမည် ကျော်ကြားသူတွေကို သူတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် အသုံးပြုလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း ဖေ့စ်ဘွတ်ခ်ဆယ်လီ ဖြူဖြူထွေးက တရုတ်ပရုတ်ဆီကြော်ငြာကို ကြော်ငြာနဲ့မသက်ဆိုင်တဲ့ ခြံစည်းရိုးမယ်တော် ဆိုတဲ့ အသုံးအနှုန်း ၊ ဒေါ်အောင်ဆန်းစုကြည်ပုံစံပြင်ဆင်မှု ၊ အသက် တို့ကို ရည်ရွယ်ချက်ရှိရှိထည့်သွသွင်း ရိုက်ကူးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး ကြော်ငြာကိုပြန်လည်ဖြုတ်ချကာ တောင်းပန်ခဲ့ရပါတယ်။


















































