Hi, what are you looking for?
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီကနေ့ညပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ၏ နိုင်ငံရေးရပ်တည်ချက်သဘောထားကို ယနေ့ ထုတ်ပြန်ခဲ့ရာ အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားပစ်မှသာ နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပြီး၊ ခေတ်စနစ်အခြေအနေနှင့် လိုက်လျော ညီထွေသည့် ဖက်ဒရယ်ပြည်ထောင်စုကိုလည်း စုပေါင်းတည်ထောင်နိုင်မည်ဟု ဖော်ပြသည်။
သုံးလွှာအမြင့် တိုက်ခန်း ပြတင်းပေါက် အပြင်ဖက် ကြောင်လျှောက်လမ်းကို ရောက်နေတဲ့ အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦးကို စွန့်စွန့်စားစား ကယ်တယ်ခဲ့တဲ့ မြန်မာနိုင်ငံသားကိုစသူရအောင်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဂျာဟီတို့ကို စင်ကာပူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (SCDF)က လူမှုကယ်ဆယ်ရေး ဂုဏ်ပြုဆုကိုအောက်တိုဘာ ၂၅...