Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်တွင် အရပ်သားလေးဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်၊ ခုနစ်ဦးပျောက်ဆုံးနေ

ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ကျားခဲကျေးရွာမှ အမျိုးသားလေးဦး မီးရှို့သတ်ဖြတ်ပြီး နောက်ထပ် ခုနစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။

ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - People's Spring

လူအေး/People’s Spring

ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ကျားခဲကျေးရွာမှ အမျိုးသားလေးဦး မီးရှို့သတ်ဖြတ်ပြီး နောက်ထပ် ခုနစ်ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျားခဲကျေးရွာကို ယနေ့(အောက်တိုဘာ ၂၆ရက်) နံနက်အစောပိုင်းက ဝင်ရောက်လာပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” လေးယောက်ကို မီးရှို့သတ်ဖြတ်သွားတယ်။ ရုပ်အလောင်းတွေကို တွေ့ရပါတယ်။ ခုနစ်ယောက်လည်းပျောက်နေပါတယ်။ စစ်ကြောင်းမှာက ၅၃ယောက်ပါတယ်ဗျ။ အခု ဖြစ်တာ အရပ်သားတွေချည်းပါပဲ”ဟု ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

သတ်ဖြတ်ခံရသူများနှင့် ပျောက်ဆုံးနေသူများ၏ သတင်းအချက်အလက်ကို အသေးစိတ်မသိရှိရသေးပေ။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျားခဲရွာအနီးပတ်ဝန်းကျင်၌ ရှိနေပြီး စစ်ရေးအခြေအနေ တင်းမာနေကြောင်းလည်းသိရသည်။

” ရွာကနေ ပြန်ထွက်တဲ့အချိန်မှာ မိုင်းမိပြီး ထမ်းစင်နဲ့ သုံးယောက်တင်သွားတာ ရှိတယ်။ စစ်ကြောင်းကရွာနဲ့မလှမ်းမကမ်းမှာပဲရှိနေသေးတယ်”ဟု ထီးလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ယောဒေသမှ ထီးလင်းမြို့အပါအဝင် ဂန့်‌ ဂေါခရိုင်အတွင်းမြို့နယ်များကို စစ်ကောင်စီက အောက်တိုဘာလဆန်းမှစ၍ စစ်ကြောင်းထိုးနေပြီး လေကြောင်းမှလည်းတိုက်ခိုက်နေသည်။

အောက်တိုဘာ ၂၂ရက်က ထီးလင်းမြို့နယ်၊အိုင်းမကျေးရွာနှင့်ချောင်းပေါက်လမ်းဆုံကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာဒေသခံတစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့သည်။

ထို့အပြင် အောက်တိုဘာ၂၄ရက်နှင့် ၂၅ရက်ကလည်း ဂန့်ဂေါမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ ခမရ(၃၁၅)က ပြည်သူ့စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး ဇန်နဝါရီ ၂၀ရက်မှာ အလင်းဝင်လာကြောင်း ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊ ၁၆၊ ၁၇) – YRA ထီးလင်းက သတင်းထုတ်ပြန်ပါတယ်။