Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တွင် BGFကား ဆိုင်ကယ်တစ်စီးတိုက်မိ၍ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး၊ BGFကားမောင်းပြေးဟု ဒေသခံပြော

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကရင်နယ်ခြားစောင့်တပ်(BGF)၏ကားတစ်စီးသည် ဆိုင်ကယ်တစ်စီးတိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ယာဉ်မောင်းမှာ မောင်းနင်ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

မြဝတီမြို့တွင် ကရင်နယ်ခြားစောင့် တပ်(BGF) တပ်သားများအား တွေ့ရစဉ်။ဓာတ်ပုံ - PS

လူအေး/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကရင်နယ်ခြားစောင့်တပ်(BGF)၏ကားတစ်စီးသည် ဆိုင်ကယ်တစ်စီးတိုက်မိရာ ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ယာဉ်မောင်းမှာ မောင်းနင်ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

မြဝတီမြို့ အာရှလမ်းမပေါ်တွင် ယနေ့ (အောက်တိုဘာ၂၆ရက်) နံနက် ၁၁နာရီခန့်က အထက်ပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

” မောင်းလာသူက မိန်းကလေး။ BGF ကားက အရှိန်များတယ်။ တိုက်ပြီး ဆွဲချသလိုဖြစ်တာ။ ချက်ချင်းရပ်ရင် မသေလောက်ဘူး။ မရပ်ဘဲ ဆက်မောင်းလို့ ကလေးတွေသေဆုံးတာ”ဟု အခင်းဖြစ်စဥ်က်ို မျက်မြင်တွေ့သူတစ်ဦးကပြောသည်။

ယာဉ်တိုက်မိ၍ အသက်(၁၃)နှစ်အရွယ် ယောက်ျားလေးနှင့် (၂၀)ခန့်အရွယ် မိန်းကလေး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

“မောင်နှမတွေ ဖြစ်မယ်။ ဆေးရုံတော့ ပို့ကြပေမယ့် မရတော့တာ။ BGFကားတွေက တော်တော် လေး စည်းကမ်းမဲ့တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ကရင်နယ်ခြား​စောင့်တပ်(BGF)သည် ယခင်က စစ်​ကောင်စီလက်​အောက်ခံဖြစ်​သော်လည်း ယခုနှစ် ဇန်နဝါရီလမှစ၍ စစ်​ကောင်စီလစာနှင့်​ထောက်ပံ့မှူများ မယူ​တော့ဘဲ သီးခြားရပ်တည်ပြီဖြစ်​ကြောင်း​​အသိ​ပေးခဲ့သည်။ ထို​အပြင်

BGF တပ်ဖွဲ့ဝင်အားလုံး ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဟု ကြေညာထားသည်။ သို့သော် လက်ရှိအချိန်အထိ ပြောင်းလဲခြင်းမရှိသေးသလို စစ်ကောင်စီနှင့်လည်း ဆက်ဆံမှုရှိနေသည်။

ယခုဖြစ်စဥ်နှင့်ပတ်သက်၍ BGFထံဆက်သွယ်မေးသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

BGFသည် မြဝတီမြို့အား ထိန်းချုပ်ထားသည့် အဖွဲ့ဖြစ်၍ ယခုလူနှစ်ဦးသေဆုံးမှုအတွက် ရဲတပ်ဖွဲ့ကလည်း အပြည့်အဝကိုင်တွယ်နိုင် မည်ဟု မယုံကြည်ကြောင်း မြို့ခံအချို့က ပြောသည်။

အမှုနှင့်ပတ်သက်၍ မြဝတီမြို့နယ်ရဲတပ်ဖွဲ့မူရုံးထံ ဖုန်းဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် မင်းလက်ပံ၊ ဖလူးဒေသနဲ့ ဝေါ်လေဗျုဟာဘက်မှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ ၆ တို့ နှစ်ဖက်တပ်တွေအကြားမှာ လက်ရှိ မေလကုန်ပိုင်းအထိ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်ရှိ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ် ရဲ့ တပ်ချုပ် ရာထူးအပြောင်းအလဲဖြစ်ချိန်မှာပဲ ကရင်ပြည်နယ် ၊ ထိုင်း - မြန်မာ န​ယ်စပ်အနီးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်လာတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။