Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာ ၆ရွာထက်မနည်း ထွက်ပြေးနေရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာ ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ငါန်းဇွန်မြို့နယ် မင်းဂျီ(မဂျီ)ရွာအား စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာစခန်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာ ၆ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဒေသကာကွယ်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ စစ်ကောင်စီစခန်းကို အောက်တိုဘာ ၂၁ ရက်တွင် အင်အား ၁၅၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက လေကြောင်းပစ်ကူများဖြင့် ပြန်လည်ဝင်ရောက်ထိန်းချုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူ ၂၀ ထက်နည်း ဖမ်းဆီးနှိပ်စက်ခံထားရပြီး နေအိမ်အချို့ပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် အနီးရှိ ကျေးရွာများကိုပါ စစ်ကြောင်းထိုး မီးရှို့နေ၍ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“၆ ရွာလောက် အကုန်ထွက်ပြေးနေရတယ်။ တစ်ရွာလုံးဘယ်သူမှမနေရဲကြတော့ဘူး။ ရွာထဲက ကုန်စုံဆိုင်ကိုလည်း စစ်သားတွေဝင်ဖောက်ပြီး ဆန်တွေ၊ဆီတွေ ကုန်ပစ္စည်းတွေ အကုန် ကားနဲ့ လာတင်သွားတယ်။”ဟု ငါန်းမြာကြီးရွာအနီးရှိ ကျေးရွာတစ်ရွာမှ ပြည်သူတစ်ဦးက ပြောသည်။

ယနေ့(အောက်တိုဘာ ၂၆ရက်) နံနက်ပိုင်းတွင်လည်း စစ်ကောင်စီစစ်ကြောင်းက ငါန်းဇွန်မြို့နယ် ရဲပတိုင်းရွာကို ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆ လုံး မီးလောင်ပျက်စီးပြီး ပြည်သူ သုံးဦးလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့က သားကျင်ရွာ၊ မြေတိုင်းရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ငါန်းမြာကြီးကျေးရွာစခန်းကို ကာကွယ်ရေးအဖွဲ့များက သြဂုတ် ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီကလည်း စက်တင်ဘာအ​တွင်းမှစ၍ ငါန်းမြာကြီးကျေးရွာစခန်းကို ပြန်လည်ရရှိရန် တိုက်စစ်ဆင်ခဲ့ရာ စက်တင်ဘာလ ၂၀ ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူ ၁၄ ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြောက်ကျင်းရွာက စစ်ဘေးရှောင် ပြည်သူတွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ်အပါအဝင် လေးဦး သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။