Hi, what are you looking for?
မကွေးတိုင်းနဲ့အစပ်ချင်းပြည်နယ် ဝင်ပေါက် ကျင်ဒွေးမြို့၊ မတာဆွီရွာဝန်းကျင်တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်တပ်ဟာကာကွယ်ပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅)ကနေ စစ်သားတရာကျော် အင်အားထပ်ဖြည့်တာကြောင့်လောင်းရှည် - ကျင်ဒွေး လမ်းတလျှောက် နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်ကြောင်းလုံးသေဆုံးခဲ့ပြီးနောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယနေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။