Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ UN အကြီးအကဲ တောင်းဆို

အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှု ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - AFP

အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်မှု ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။

UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှာ မတရား ဖမ်းဆီး အကျဉ်းချမှု ခံထားရသူတွေ အားလုံး လွတ်မြောက်ရေးကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ ထပ်လောင်း တောင်းဆိုခဲ့တာဖြစ်ပြီး ကမ္ဘာတလွှားက ရန်လို အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ လိုနေပြီလို့ ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေး တက်ရောက်ရင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်က အပြည်ပြည်ဆိုင်ရာ မီဒီယာ စင်တာမှာ ဂူတာရက်စ်က မြန်မာ့ပြည်တွင်း ပဋိပက္ခမှာ ရန်လို အကြမ်းဖက်မှုတွေ မြင့်တက်လာတာကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။

ရန်လို အကြမ်းဖက်မှုတွေက ရပ်တန့်သွားဖို့ လိုအပ်ကြောင်း၊ ကျူးလွန်သူတွေ ပြစ်ဒဏ် ကင်းလွတ်ခွင့် ရနေတာလည်း အဆုံးသတ်ရတော့မှာ ဖြစ်ကြောင်း၊ နယ်မြေထိန်းချုပ်မှုတွေနဲ့ ကန့်သတ်တာမျိုး မရှိဘဲ လူသားချင်း စာနာမှု အကူအညီတွေဟာ အမှန်တကယ် လိုအပ်သူတွေဆီကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ရောက်ရှိဖို့ လိုအပ်နေကြောင်း ဂူတာရက်စ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသူ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် UN လုံခြုံရေးကောင်စီ၊ အထွေထွေ ညီလာခံတို့ရဲ့ တောင်းဆိုမှုတွေကိုလည်း သူ့အနေနဲ့ ထပ်လောင်း အတည်ပြုလိုကြောင်း ဂူတာရက်စ်က ပြောကြားသွားပါတယ်။

အခုနှစ် အာဆီယံ အစည်းအဝေးမှာလည်း မြန်မာရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ဟာ ဆက်လက် ပိတ်ပင် ခံထားခဲ့ရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံက တောင်းဆိုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လေးစားလိုက်နာမှု မရှိခဲ့တဲ့အတွက် အာဆီယံက ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာပါဝင်ခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို နှစ်ဆန်းပိုင်းမှာ ရယူခဲ့တဲ့နောက် မင်းအောင်လှိုင်ဟာ အာဆီယံ နိုင်ငံတချို့နဲ့ သံတမန် ဆက်ဆံရေးကို ပြန်လည်စတင်နိုင်ခဲ့ပြီး အာဆီယံမှာလည်း တကျော့ပြန် ဝင်ဆံ့လာဖို့ အင်တိုက်အားတိုက် ကြိုးစားခဲ့ပေမယ့်လည်း အာဆီယံ ခေါင်းဆောင်တွေက မြန်မာကို ထိပ်သီး အစည်းအဝေးတွေ ပြန်တက်ခွင့် မပေးသေးဖို့၊ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ဆုပ်ကိုင်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကိုးကား: Manila Times

ဆက်စပ်သတင်းများ