နိုဝင်ဘာ-၁၇၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာနဲ့ ရွေ့လျားစာကြည့်တိုက်လှုပ်ရှားမှုတွေကို ရွှေဘိုမြို့နယ်သပိတ်အင်အားစုဝင်တွေမှ နိုဝင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ သပိတ်အင်အားစု Mobile Medical Team က လိုအပ်တဲ့ ဆေးဝါးထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို အခမဲ့ ပြုလုပ်ပေးခဲ့ပါတယ်။
ဒါ့အပြင် ရွှေဘိုမြို့နယ်သပိတ်အင်အားစုက တူမီးတော်လှန်ရေးစာစဥ်နဲ့ လက်တွဲကာ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တွေနဲ့ တော်လှန်ပြည်သူတွေအတွက် အသိပညာ ဗဟုသုတဆက်လက် လေ့လာ မှတ်သားနိုင်ရန် ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် လှုပ်ရှားမှုကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။

Public Service Announcement
အာဏာရှင်တွေ အကြောက်ဆုံးက အသိဉာဏ်ပွင့်လင်းပညာတတ်တဲ့ ပြည်သူတွေဖြစ်ပြီး တော်လှန်ရေးဆိုတာ လက်နက်ကိုင်တိုက်ပွဲဝင်တာ တစ်ခုတည်းမဟုတ်ဘဲ အသိပညာ၊ အတွေးအခေါ်တွေနဲ့ စိတ်ဓာတ်ရေးရာ တော်လှန်ခြင်းကလည်း အဓိကကျတဲ့အတွက် ရွေ့လျားစာကြည့်တိုက် လှုပ်ရှားမှုကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရွှေဘိုသပိတ်အင်အားစုက အသိပေးခဲ့ပါတယ်။


























































