Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာ​ဈေး ငါး​ထောင်ဝန်းကျင် ဖြစ်လာပြီး​နောက်ဘတ်​ဈေးလည်းတက်

ပြည်တွင်း​ငွေလဲ​ကောင်တာအများစုအ​ရောင်းအဝယ်မလုပ်ဘဲပိတ်ထား

(စစ်တပ်က ​ငွေစက္ကူ​အများအပြားရိုက်ထုတ်​နေတာ ၊FATF ကမြန်မာနိုင်ငံကို ပိုမိုပြင်းထန်စွာအ​ရေးယူလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ပြင်ဆင်မှု​တွေ​က ​ကျပ်​ငွေတန်ဖိုးပိုကျ​စေပါတယ်။ဓါတ်ပုံ-AFP )

နို၀င်ဘာ-၁၈၊၂၀၂၆။ဇော်၀င်း/People’s Spring

တစ်ဒေါ်လာ ငွေလဲနှုန်း ကျပ် (၅၀၀၀) ဝန်းကျင် ဖြစ်လာပြီး အခြား နိုင်ငံခြားငွေလဲနှုန်းဈေးတွေလည်း မြင့်တက်နေတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၄ စက်တင်ဘာနောက်ပိုင်း ၂နှစ် ကျော်အတွင်း တစ်ဒေါ်လာငွေလဲနှုန်းက အမြင့်ဆုံးဈေး ပြန်ဖြစ်လာပြီး အိမ်နီးချင်းထိုင်းဘတ်ငွေဈေးကလည်း တစ်ဘတ်ကို ၁၄၈ ကျပ်အထိတက်လာပြီး ကျပ်​ငွေတန်ဖိုးဆက်တိုက်ကျ​နေပါတယ်။

“ဘတ်ပေး ကျပ်ယူ ၇၀၀ အောက်ဆင်းသွားပြီ။ထိုင်း ၆၉၅ ဘတ်လောက်ဆိုရင် ကျပ်တစ်သိန်း ဖြစ်သွားတာဘတ်ဈေး ထပ်တက်နေတာ။ငွေဈေးတောက်လျှောက်ဆက်ကျတယ်”လို့ ဘတ်ငွေလဲနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြည်တွင်း money changer အများစု ပိတ်ထားပြီး အရောင်းအဝယ်ရပ်ဆိုင်းထားတယ်လို့လည်း ငွေလဲသူတချို့က အသိပေးပါတယ်။

“မနေ့က စမ်းချောင်းက money changer ပိတ်ထားတယ်။အပြင်၀ယ်မယ့်သူရှာနေရ‌တယ်”လို့ ဒေါ်လာငွေလဲလှယ်လိုသူတစ်ဦးက ပြောပါတယ်။

ဒေါ်လာငွေကြေးဆက်တိုက်မြင့်တက်မှုတွေက စစ်တပ်ဆီမှာနိုင်ငံခြား​ ငွေအလုံအ

လောက်မရှိမှုအပါအ၀င် ပြည်တွင်းဘက်ဂျက် လိုငွေကြောင့် ငွေစက္ကူ ရိုက်ထုတ်မယ့်အခြေအနေတွေက ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ပိုဆိုးရွားစေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က သုံးသပ်ပါတယ်။

ဒါ့အပြင်နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့(FATF) လို မြန်မာအပေါ် နိုင်ငံတကာရဲ့ ဆုံးဖြတ် ချက်တွေ အ

ပါအ၀င် အမေရိကန် ဗဟိုဘဏ်ရဲ့ ဘဏ် တိုးနှုန်းမြင့်တင်မှုကြောင့်ဒေါ်လာတန်ဖိုးဆက်တိုက်မြင့်တက်နေတာလို့ သိရပါတယ်။

ဒီကနေ့ (နို၀င်ဘာ ၁၈ ရက်) ပြင်ပငွေလဲ​​ဈေးကွက်မှာ တစ်ဒေါ်လာ ၀ယ်ယူရတဲ့ဈေးက ကျပ် ၄,၉၉၀ နဲ့ ရောင်းမယ်ဆိုရင် ကျပ် ၄,၈၉၀ ၀န်းကျင်ရှိပါတယ်။

“နောက်လေးလ အတွင်းဖြစ်လာမယ့် FATF ရဲ့ မြန်မာအပေါ်ဆုံး ဖြတ်ချက်က ပိုဆိုးမယ်လို့ ယူဆရတယ်။ကျားဖြန့်နဲ့ ငွေမည်းကိစ္စက ဘယ်လိုမှ ဖြေရှင်းနိုင်လိမ့်မယ်မထင်ဘူး။အ

ထူးသဖြင့် ငွေမည်း ကိစ္စ တွေက ပိုဆိုးတယ်။မြေလှန်ပြီးဖော်ထုတ်ရင် စစ်တပ်က ကိုယ့်လည်ပင်းကိုကြိုးကွင်းစွပ်သလို ဖြစ်မှာပဲ။ဒါကြောင့် ဒေါ်လာငွေကို ရသလောက် စုနေကြတယ်”လို့ ‌ကျပ်ငွေ တန်ဖိုးကျဆင်းမှုနဲ့ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကသူရဲ့အမြင်ကို ပြောပါတယ်။

နိုင်ငံခြားငွေလဲနှုန်းတွေတက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပက တင်သွင်းသုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ‌ဈေးပိုမြင့်တက်လာမှာဖြစ်ပါတယ်။

အဲဒီကတဆင့် ပြည်တွင်းထုတ်ကုန်တွေနဲ့ အစား အသောက်တွေပါ ကုန်ဈေးနှုန်း လိုက်လံမြင့်တက်လာပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာတွေက လက်ရှိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းသတင်းစာတွေထဲမှာ တရား၀င် ကြေညာထားချက်အရ ပြည်တွင်း၊ပြည်ပ ကုမ္ပဏီ ဆယ်နဲ့ချီပြီး လုပ်ငန်းရပ်ဆိုင်းနေပါတယ်။

ဆက်စပ်သတင်းများ