Hi, what are you looking for?
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
သုည/People’s Spring စစ်အာဏာရှင် နှစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားနှင့် မြန်မာ အမျိုးသားလက်ရွေးစဥ်ဘောလုံးအသင်းတို့ပွဲစဥ် အပြီး စစ်ကောင်စီလက်ရွေးစဥ်အသင်းမှာ စံချိန်သစ်တစ်ခုစိုက်ထူခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်အာဏာရှင်နိုင်ငံဖြစ်နေသော မြန်မာ နှင့် ကမ္ဘာ့သိအာဏာရှင်နိုင်ငံ မြောက်ကိုးရီးယားတို့၏ လာအိုတွင် ယှဥ်ပြိုင်သောပွဲစဥ်တွင် စစ်ကောင်စီ၏လက်ရွေးစဥ်အသင်းက ၄ ဂိုး...