Connect with us

Hi, what are you looking for?

သတင်း

မံစီတိုက်ပွဲ စစ်ကောင်စီ တင့်ကားတစ်စီးကို ဖျက်ဆီးနိုင်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

မံစီမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့ ကောင်ဂျာဟန်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(စစ်ကောင်စီ​၏ သံချပ်ကာ ယာဉ်တစ်စီးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)
(စစ်ကောင်စီ​၏ သံချပ်ကာ ယာဉ်တစ်စီးပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)

▪️ဝိုင်းမော် – ချီဖွေလမ်းရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းနှစ်ခုကို KIA ထပ်မံ သိမ်းပိုက်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တင့်ကားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဇွန် ၁၃ ရက်တွင်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ်ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် KIA တို့ ကောင်ဂျာဟန်ဒေသ၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” ကောင်ဂျာဟန်မှာ ငါတို့ တိုက်ပွဲဖြစ်နေတာ ၃ရက်ရှိပြီ။ ဒီနေ့ ညနေ တင့်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်။ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)အကျအဆုံးများနေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်ရက်ပိုင်းက စခန်းသိမ်းတိုက်ပွဲများ အောင်မြင်မှုရခဲ့သည့် ဝိုင်းမော်မြို့နယ်တွင်လည်း KIAက စစ်ကောင်စီ လက်အောက်ခံတပ်စခန်း ၂ခုကို ထပ်မံ သိမ်းရခဲ့သည်ဟု အသိပေးသည်။

” ဝိုင်းမော် – ချီဖွေ လမ်းရှိ ဆနီခူးရွာမှာနေရာယူထားတဲ့ စခနဲ့ ပြည်သူ့စစ်များ အကုန်ထွက်ပြေးသွားပါတယ်။ စခန်း ၂ခုလုံးကို ငါတို့ ရှင်းလင်းလိုက်ပါပြီ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

KIAအနေဖြင့် မံစီနှင့် မိုးမောက်မြို့များကို စိုးမိုးထိန်းချုပ်ထားပြီး မြို့နယ်အတွင်း ကျန်နေသည့် မံစီရှိ ခမရ(၃၁၉)နှင့် ခမရ(၆၀၁) တပ်ရင်း၊ မိုးမောက်ရှိ ခမရ(၄၃၇)တပ်ရင်းများကို မေလဒုတိယပတ်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ဗန်းမော်မှ မိုးမောက်မြို့နယ်ဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကိုလည်း KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မေလအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲများ၌ KIA၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ သံချပ်ကာ ယာဉ်တစ်စီးနှင့် စစ်သုံးယာဉ်အချို့ ပျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးထားသည်။

ထို့အပြင် KIAသည် ဇွန်လ ၁၁ရက်က ဝိုင်းမော်မြို့နယ် ဆဒုံးဒေသရှိ ဆဒုံးဗျူဟာ၊ ဆဒုံးရဲစခန်းအပါအဝင် ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်းနှင့် ပြည်သူ့စစ်တပ်စခန်း စုစုပေါင်း စခန်း ၁၈ခုကို တစ်ရက်အတွင်း သိမ်းယူနိုင်ခဲ့သည်။ သိမ်းယူခဲ့သည့် စခန်း ၁၈ခု အနက် ၁၁ခုကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ၇ခုမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းပျူစောထီးရွာနဲ့ အမှတ်(၁၀)စစ်လေ့ကျင့်ရေးတပ် (စခတ-၁၀)ကြားမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ရတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။