Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

(ပဲခူးတိုင်း၊ ပေါင်းတည်မြို့တနေရာတွင် စစ်ကောင်စီတပ်သားများ စစ်ဆေးနေစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းအသုံးပြုထားပါသည်)
(ပဲခူးတိုင်း၊ ပေါင်းတည်မြို့တနေရာတွင် စစ်ကောင်စီတပ်သားများ စစ်ဆေးနေစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်းအသုံးပြုထားပါသည်)

ကျော်ဇော/People’s Spring

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လက်ကိုင်ဖုန်းများ၌ VPN ဆော့ဝဲလ် ထည့်သွင်းထားခြင်းရှိ၊မရှိ စစ်ဆေးပြီး ဖုန်းများကိုသိမ်းယူကာ ငွေညှစ်မှုများရှိနေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက လမ်းသွား၊လမ်းလာများကို တားဆီး၍ လက်ကိုင်ဖုန်းများ၌ VPN ပါ၊မပါ စစ်ဆေးမှုများကို ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည် စသည့်မြို့များနှင့် အရှေ့ခြမ်းတွင် ပဲခူးမြို့ပေါ်တို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ဇွန်လ ၁၁ ရက်နေ့ကတည်းက ပြည်အမှတ် (၂)စခန်းရှေ့၊ ကိုးသောင်းစျေးနားနဲ့ နဝဒေးတံတားထိပ်တွေမှာ စစ်ဆေးတာတွေ လုပ်နေတာ။ ဖုန်းတွေကို VPN ပါ၊မပါစစ်တယ်။ VPN ပါတဲ့ဖုန်းတွေ့ရင် သိမ်းခံရတယ်”ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ပြည်ခရိုင် ပေါင်းတည်မြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယမန်နေ့(ဇွန်လ ၁၂ ရက်)က မြို့ပေါ် နေရာများတွင် ခရီးသွားပြည်သူများ၏ ယာဥ်များကိုတားဆီးကာ VPN စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပေါင်းတည်မြို့ပေါ်မှာ နေရာအတည်တကျမရှိဘူး။ mobile ပုံစံစစ်တာ။ ဆိုင်ကယ်လိုင်စင်နဲ့ ဖုန်းတွေကို VPN စစ်တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့(ဇွန်လ ၁၃ ရက်)နံနက်ပိုင်းမှစတင်ပြီး ပဲခူးအရှေ့ခြမ်းရှိ ပဲခူးမြို့တွင်လည်း နံနက်အစောပိုင်း၌ ငါးပိပွဲရုံတန်းအနီး VPN စစ်ဆေးမှုများရှိခဲ့ကာ မြို့တွင်းရှိ နာရီစဥ်၊ မဟာမြိုင်လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းအနီးဝန်းကျင်နေရာများ၌ စစ်ဆေးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“VPN ထည့်ထားလို့ တချို့ဖုန်းသိမ်းခံရတဲ့သူတွေဆိုရင် ငွေနှစ်သိန်း၊ သုံးသိန်းပေးပြီး ပြန်ရွေးရတာတွေရှိတယ်”ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တွင်လည်း စစ်ကောင်စီက ဖုန်းများအတွင်း VPN စစ်ဆေးမှုများရှိသည်ဟု လူမှုကွန်ရက်တွင် ရေးသားနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်တာနက်ကွန်ရက်အသုံးပြုမှုများနှင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြုမှုများကို အလုံးစုဲထိန်းချုပ်လိုက်သောကြောင့် နိုင်ငံတဝှမ်းဖုန်းလိုင်းများပြတ်တောက်ခြင်း၊ အင်တာနက်ကွန်ရက်ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

သို့ဖြစ်ရာ အင်တာနက်လိုင်းများကို ပုံမှန်နီးပါးအသုံးပြုနိုင်ရန် ပြည်သူများက ကြားခံ VPN ဆော့ဝဲလ်များဖြင့် အသုံးပြုလာရပြီး ယခုဇွန်လတွင်မူ စစ်ကောင်စီက လူသုံးများသည့် VPN ဆော့ဝဲလ်များကို ပြည်တွင်း၌ အသုံးပြုမရအောင် ထပ်မံပိတ်ပင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။