Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ VPN အသုံးပြုမှုရှိ မရှိ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေရှိလာ

ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ပြောပြချက်အရ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေအတွင်း စစ်ဆေးခဲ့တာလို့သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေပုံ (ပုံဟောင်း)
မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေပုံ (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ က လမ်းသွားလမ်းလာ ပြည်သူတွေ ရဲ့ လက်ကိုင်ဖုန်းမှာ VPN ထည့်သွင်းအသုံးပြုတာ ရှိ မရှိကို စစ်ကောင်စီက မနေ့ ဇွန်လ ၁၂ ရက်ကစတင်ပြီး စစ်ဆေးတာတွေရှိလာတယ်လို့ကိုယ်တိုင်ကြုံတွေခဲ့ရသူအချို့ကပြောပြပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ပြောပြချက်အရ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေအတွင်း စစ်ဆေးခဲ့တာလို့သိရပါတယ်။

“သူတို့က ဆိုင်ကယ်တွေကိုတားပြီး ဖုန်းထုတ်ခိုင်းတာ၊ VPN ရှိတာနဲ့ ပေးမသွားဘဲ ရစ်နေကြတာ”လို့ စစ်ဆေးမှုကို ကြုံတွေ့ခဲ့ရသူ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ချမ်းအေးသာစံမြို့နယ် ၊ ၆၈ လမ်းနဲ့ ၃၄ လမ်းကြားမှာ စစ်ဆေးမှုကိုကြုံခဲ့ရတာပါ။

အလားတူစစ်ဆေးမှုမျိုးကို ပြည်ကြီးတံခွန်မြို့နယ် ၊ လမ်း ၁၂၀ အနီးမှာ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးလည်း ဇွန်လ ၁၂ ရက် ညနေပိုင်းကကြုံခဲ့ရတာရှိပါတယ်။

” တကယ့်အလုပ်ပြန်ချိန်ကို တားပီးစစ်နေတာဗျာ” လို့ အဲဒီအမျိုးသားကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ် ၊ သိုးခြံ ဘူတာ ၊လမ်း ၆၀ အနီးက စစ်ဆေးမှု မှာ VPN တွေ့လို့ဆိုပြီး ဖမ်းဆီးမယ်ဆိုတာကြောင့် ကျပ်ငွေ တစ်သိန်း ပေးခဲ့ရတယ်လို့ အသက် ၄၀ အရွယ် ကာယကံရှင်အမျိုးသားက သူကြုံတွေ့ရတာကိုပြောပြပါတယ်။

မြန်မာပြည်မှာ လူသုံးအများဆုံးဖြစ်တဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကို အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဖေ့ဘွတ်ခ်သုံးနိုင်ဖို့ VPN ကို ကြားခံအသုံးပြုနေရတာပါ။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်ကစတင်ပြီး ပြည်တွင်းမှာ VPN အသုံးပြုလို့မရတာ၊ အင်တာနက်လိုင်းကျဆင်းတာတွေကိုစတင် ကြုံတွေလာရပါတယ်။ စစ်ကောင်စီဘက်က VPN သုံးစွဲမှု ပိတ်ပင်တာ ၊ အရေးယူတာတွေကို တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ သြဂုတ်လအတွင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖေ့ဘွတ်ခ် နေရာမှာ အစားထိုးနိုင်မယ့် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာရှိပါတယ်။

မြန်မာ ပြည်သူအများစုသုံးစွဲနေတဲ့ လူမှုကွန်ရက်ကိုကန့်သတ်ပိတ်ပင်တဲ့အပြင် ဖေ့ဘွတ်ခ်ကနေ တော်လှန်ရေးအကြောင်းတင်သူတွေ၊ မျှဝေသူ ကို ဖမ်းဆီးတာမျိုးတွေ စစ်ကောင်စီကပြုလုပ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမှာ ရာသီဥတုပူပြင်းလွန်းတာကြောင့် ကြောက်ကြောက်နဲ့ မျှော်ခဲ့ရတဲ့မိုးဟာ မေလ ၁ဝ ရက် ညနေပိုင်းမှာ တအုန်းအုန်းနဲ့ ချလာခဲ့ပါတယ်။ ကြောက်ကြောက်နဲ့ ဆိုတာက ငလျင်ကြီးကြောင့် ယိုင်နဲ့နေတဲ့အဆောက်အအုံတွေ မိုးရွာလို့ ပြိုကျမှာကို ကြောက်ကြတာပါ။ ထင်တဲ့အတိုင်းပါပဲ။

ဆောင်းပါး

ပူပြင်းလှတဲ့မန္တလေးရဲနေ့လယ်ခင်းရာသီဥတုအောက်မှာ ကွင်းပြင်ကျယ်ကြီးထဲက အပြိုအပျက် အုတ်တွေ၊ အင်္ဂတေပုံကြီးကြားထဲမှာ လူတွေ လသာနေတဲ့အလား ပြေးလွှားနေကြတယ်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်ထဲမှာ ဒီနေ့ (မေ ၅ ရက်) မနက်ပိုင်းက ဂတ်စ်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook