Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ VPN အသုံးပြုမှုရှိ မရှိ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေရှိလာ

ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ပြောပြချက်အရ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေအတွင်း စစ်ဆေးခဲ့တာလို့သိရပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေပုံ (ပုံဟောင်း)
မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေပုံ (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ က လမ်းသွားလမ်းလာ ပြည်သူတွေ ရဲ့ လက်ကိုင်ဖုန်းမှာ VPN ထည့်သွင်းအသုံးပြုတာ ရှိ မရှိကို စစ်ကောင်စီက မနေ့ ဇွန်လ ၁၂ ရက်ကစတင်ပြီး စစ်ဆေးတာတွေရှိလာတယ်လို့ကိုယ်တိုင်ကြုံတွေခဲ့ရသူအချို့ကပြောပြပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ပြောပြချက်အရ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေအတွင်း စစ်ဆေးခဲ့တာလို့သိရပါတယ်။

“သူတို့က ဆိုင်ကယ်တွေကိုတားပြီး ဖုန်းထုတ်ခိုင်းတာ၊ VPN ရှိတာနဲ့ ပေးမသွားဘဲ ရစ်နေကြတာ”လို့ စစ်ဆေးမှုကို ကြုံတွေ့ခဲ့ရသူ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး က ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ချမ်းအေးသာစံမြို့နယ် ၊ ၆၈ လမ်းနဲ့ ၃၄ လမ်းကြားမှာ စစ်ဆေးမှုကိုကြုံခဲ့ရတာပါ။

အလားတူစစ်ဆေးမှုမျိုးကို ပြည်ကြီးတံခွန်မြို့နယ် ၊ လမ်း ၁၂၀ အနီးမှာ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးလည်း ဇွန်လ ၁၂ ရက် ညနေပိုင်းကကြုံခဲ့ရတာရှိပါတယ်။

” တကယ့်အလုပ်ပြန်ချိန်ကို တားပီးစစ်နေတာဗျာ” လို့ အဲဒီအမျိုးသားကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ် ၊ သိုးခြံ ဘူတာ ၊လမ်း ၆၀ အနီးက စစ်ဆေးမှု မှာ VPN တွေ့လို့ဆိုပြီး ဖမ်းဆီးမယ်ဆိုတာကြောင့် ကျပ်ငွေ တစ်သိန်း ပေးခဲ့ရတယ်လို့ အသက် ၄၀ အရွယ် ကာယကံရှင်အမျိုးသားက သူကြုံတွေ့ရတာကိုပြောပြပါတယ်။

မြန်မာပြည်မှာ လူသုံးအများဆုံးဖြစ်တဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကို အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ စစ်ကောင်စီက ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ဖေ့ဘွတ်ခ်သုံးနိုင်ဖို့ VPN ကို ကြားခံအသုံးပြုနေရတာပါ။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်ကစတင်ပြီး ပြည်တွင်းမှာ VPN အသုံးပြုလို့မရတာ၊ အင်တာနက်လိုင်းကျဆင်းတာတွေကိုစတင် ကြုံတွေလာရပါတယ်။ စစ်ကောင်စီဘက်က VPN သုံးစွဲမှု ပိတ်ပင်တာ ၊ အရေးယူတာတွေကို တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ သြဂုတ်လအတွင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖေ့ဘွတ်ခ် နေရာမှာ အစားထိုးနိုင်မယ့် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုကို ဖန်တီးနေတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ပြောခဲ့တာရှိပါတယ်။

မြန်မာ ပြည်သူအများစုသုံးစွဲနေတဲ့ လူမှုကွန်ရက်ကိုကန့်သတ်ပိတ်ပင်တဲ့အပြင် ဖေ့ဘွတ်ခ်ကနေ တော်လှန်ရေးအကြောင်းတင်သူတွေ၊ မျှဝေသူ ကို ဖမ်းဆီးတာမျိုးတွေ စစ်ကောင်စီကပြုလုပ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။