သတင်း ရှားတောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ် ဒရုန်းစစ်ဆင်ရေးများသည် ပစ်မှတ်တိကျမှုရှိခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုနေဆဲဟု KNDFတပ်ရင်း (၁၇)က အသိပေးသည်။ LuduNwayOoဇွန် 10, 2023
သတင်း လားရှိုးမှာ နေအိမ်ပေါ် အုတ်တံတိုင်းပြိုကျလို့ သားအမိ ၄ ဦး သေဆုံး ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲခန့်က အုတ်တံတိုင်းပြိုကျတာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။ LuduNwayOoဇွန် 10, 2023
သတင်း မြင်းမူနယ် တောချောင်းဦးနယ်မြေရဲစခန်းကို မဟာမိတ်များ တိုက်ခိုက် ဇွန်လ ၆ ရက် နေ့လယ် ၂ နာရီကျော်က မြင်းမူမြို့နယ်၊ တောချောင်းဦးကျေးရွာ နယ်မြေ ရဲစခန်းအား ညီနောင်မဟာမိတ် (၁၃)ဖွဲ့က ဝေဟင်၊ မြေပြင်ပူးပေါင်းကာ ဒရုန်းဗုံးသီးများ၊ လက်နက်ငယ်၊ လက်နက်ကြီးများအသုံးပြု၍ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း Youth Revolution AttackForce YRAFအဖွဲ့က ပြောသည်။ LuduNwayOoဇွန် 10, 2023
သတင်း ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲတွင် စခန်း၌ဖမ်းဆီးခံထားရသော ဗိုလ်နဂါး၏မိတ်ဆွေများကိုပါကယ်ထုတ်နိုင်ခဲ့ စခန်းသိမ်းတိုက်ပွဲတွင် စစ်သားနှင့်ရဲ အနည်းဆုံး ၁၀ ဦးကျော်သေဆုံးပြီးG3 သေနတ် ၄လက်၊MA သေနတ် ၁လက်၊စက်လက် သေနတ် ၁လက်၊ ၇၉ သေနတ် ၁နှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းလည်းULF ပြန်ကြားရေးဌာနကထုတ်ပြန်သည်။ LuduNwayOoဇွန် 10, 2023
သတင်း ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ်၍ ပြည်သူနှစ်ဦး သေဆုံး ကျောက်ကြီးမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် KNU၊ PDF ပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ နတ်သံကွင်းဒေသမှ ပြည်သူတစ်သောင်းကျော် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည်။ LuduNwayOoဇွန် 10, 2023
သတင်း ညောင်ပင်ကြီးရဲစခန်းသိမ်းတိုက်ပွဲမှ သေနက် ၆ လက်နှင့် ခဲယမ်းများစွာသိမ်းဆည်းရရှိဟု Buffalo PDF ပြော တိုက်ပွဲမှာ မုံရွာမြို့နှင့် ချင်းတွင်းမြစ်သာခြား၍ မုံရွာမြို့မှ ပစ်ခံသတ်များအတိုင်းသားကြားနေရပြီး မုံရွာကမ်းနားလမ်းနေပြည်သူများမှာ လက်နက်ကြီးကျည်ကျမည်စိုး၍ တိုက်ပွဲဖြစ်ပွားနေစဥ် နေအိမ်များမှခေတ္တတိမ်းရှောင် နေကြရကြောင်း ဒေသခံများကပြောသည်။ LuduNwayOoဇွန် 10, 2023
သတင်း ကျောက်ကြီးမြို့နယ် ထွေအုပ်ရုံးအစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရ ဗုံးဟာ အဆောက်ဦးပေါ် ကျရောက်ပေါက်ကွဲလို့ အစည်းအဝေးတက်ရောက်လာသူတွေထဲက မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး သေဆုံးသွားပါတယ်။ LuduNwayOoဇွန် 10, 2023
သတင်း မုန်တိုင်းသင့်ရခိုင်ပြည်သူများအတွက်အကူအညီများ စစ်ကောင်စီပိတ်ပင်ခြင်းအအပေါ် AAခေါင်းဆောင်က ရခိုင်ပြည်သူများကို သည်းခံရန်၊စည်းလုံးရန်တိုက်တွန်း စစ်ကောင်စီက ရခိုင်ဒေသ ကူညီကယ်ဆယ်ရေးအဖွဲ့များ ခရီးသွားလာခွင့် ဇွန် ၇ ရက်မှစ၍ ပိတ်ပင်ခဲ့ပြီးနောက် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဇွန်လ ၉ရက်တွင် ၎င်း၏ တွစ်တာမှတစ်ဆင့် အင်အားသုံးမဖြေရှင်းရန် ၊သည်းခံရန်၊ စည်းလုံးရန်စာရေးသားခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 10, 2023
သတင်း စစ်ကိုင်းမြို့ ဘုန်းကြီးကျောင်းများရှိ စစ်ရှောင်ပြည်သူများအား စစ်တပ် လိုက်လံဖမ်းဆီးနေ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၌ စစ်ကောင်စီတပ်က မေလအတွင်း ကျေးရွာအများအပြားအား ဝင်ရောက်ဖျက်ဆီးမီးရှို့ထားပြီး ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။ LuduNwayOoဇွန် 10, 2023
သတင်း ဆားလင်းကြီးနယ် ညောင်ပင်ကြီးရွာရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ စီးနင်းတိုက်ခိုက် စစ်ကောင်စီတပ်သည် ညနေ ၆နာရီခန်တွင် Mi-35ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ချင်းတွင်းမြစ်အတွင်း သံခွန်ရေယာဥ်များပေါ်မှ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဇွန် 10, 2023