Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်ရှိ တပ်စခန်းတစ်ခုကို MNDAA ထပ်မံရရှိ၍ စစ်ကောင်စီစခန်း ၂၃၃ခုထက်မနည်း ညီနောင်မဟာမိတ်များ သိမ်းပိုက်ထား

ကိုးကန့် တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့သည်ဟု အသိပေးသည်။

(တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်ကြားရှိတပ်စခန်းတွင် သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Kokang)
(တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်ကြားရှိတပ်စခန်းတွင် သိမ်းပိုက်ရရှိခဲ့သော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - The Kokang)

▪️စစ်ကောင်စီ၏ စစ်ကူတပ်များကို ဟန့်တားရန်လားရှိုး-သိန္နီကြားရှိ တံတားတစ်ခုကို ဖျက်ဆီး

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို နိုဝင်ဘာ ၃၀ရက်တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ကိုးကန့် တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် စစ်ကောင်စီ၏စစ်ကူအဖွဲ့များ တားမြစ်ရန်အတွက် အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင်လုံခြုံရေး တပ်ဖွဲ့မှ လားရှိုးနှင့် မူပန်(သိန္နီ)ဆက်သွယ်ထားသောတံတားကို နိုဝင်ဘာလ ၂၉ ရက် က ဖြတ်တောက်လိုက်ကြောင်း အသိပေးထားသည်။

နိုဝင်ဘာ ၃၀ ရက် နံနက်အချိန်တွင် MNDAA နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ပူးတွဲပြီး မူပန်(သိန္နီ)ခရိုင် ၊ သန်လွင်အုပ်စုတွင် လှုပ်ရှားနေသောစစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာကုန်ပိုင်းအထိ စစ်ကောင်စီ၏ တပ်စခန်းအကြီး အသေး စုစုပေါင်း(၁၈၆)ခု မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။ တအာင်းတပ်မတော်(TNLA)ကလည်းစစ်ကောင်စီတပ်စခန်း ၄၇ ခုထက်မနည်းကို သိမ်းပိုက်ထား၍ စစ်ဆင်ရေး ၃၅ရက်အတွင်း စစ်ကောင်စီတပ်စခန်း ၂၃၃ ခုထက်မနည်းကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ထို့ပြင် စစ်ဆင်ရေးအတွင်း ချင်း‌ရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း နှင့် ကုန်းကြမ်းစသည့် မြို့နယ်(၅)ခုကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် ချင်းရွှေ‌ဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစန်းကျော် နေရာရှိ နယ်စပ်ဂိတ် (၄)ခုကိုလည်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။ ယခင်က သိန္နီမြို့ကိုပါ မဟာမိတ်တပ်များက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။ အဆိုပါသိန္နီမြို့နေရာသည် စစ်ကောင်စီတပ်များ စစ်ကူ အလွယ်တကူ ပို့နိုင်သည့် ဒေသဖြစ်၍လက်ရှိတွင် ပြောက်ကျား တိုက်ပွဲများ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ရှင်းပြသည်။

လက်ရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာရှိ စုစုပေါင်း မြို့နယ် (၁၈)ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။