Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့တိုးဂိတ်မှာ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းလေးလောင်းတွေ့

တနင်္လာနေ့ ညနေပိုင်းက ကျောက်မဲမြို့ တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းတိုက်ခိုက်ခံရတာပါ။

ကျောက်မဲမြို့တိုးဂိတ်မှာ မီးလောင်ကျွမ်းနေတဲ့ ရုပ် အလောင်းလေးလောင်းတွေ့
ကျောက်မဲမြို့တိုးဂိတ်မှာ မီးလောင်ကျွမ်းနေတဲ့ ရုပ် အလောင်းလေးလောင်းတွေ့

လေကြောင်းတိုက်ခိုက်ခံထားရတဲ့ ကျောက်မဲမြို့အဝင် တိုးဂိတ်မှာ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်း လေးလောင်းကို တွေ့ရတယ်လို့ လူမှုကူညီရေးအသင်းထံကသိရပါတယ်။

တနင်္လာနေ့ ညနေပိုင်းက ကျောက်မဲမြို့ တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(TNLA) တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် လေကြောင်းတိုက်ခိုက်ခံရတာပါ။

မီးလောင်ပျက်စီးသွားတဲ့ တိုးဂိတ်အဆောက်အဦးထဲမှာ ပုံပျက်နေတဲ့ ရုပ်အလောင်းလေးလောင်းကို လူမှုကူညီရေးအသင်းက မနေ့က သွားရောက်သယ်ယူပြီး သင်္ဂြိုဟ်ပေးလိုက်တယ်လို့သိရပါတယ်။

” ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး မီးသွေးခဲတွေလိုဖြစ်နေတာ”လို့ ရုပ်အလောင်းသွားရောက်သယ်ဆောင်ရာမှာပါဝင်သူ ကူညီရေးအဖွဲ့သားတစ်ဦးက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်မဲမြို့တိုးဂိတ်မှာ မီးလောင်ကျွမ်းနေတဲ့ ရုပ် အလောင်းလေးလောင်းတွေ့
ကျောက်မဲမြို့တိုးဂိတ်မှာ မီးလောင်ကျွမ်းနေတဲ့ ရုပ် အလောင်းလေးလောင်းတွေ့

ရုပ်အလောင်းလေးလောင်းအနက် တစ်ဦးသာ အမျိုးသားဖြစ်တယ်လို့ အတည်ပြုနိုင်ပြီးကျန်သူတွေကို မည်သူမည်ဝါဆိုတာ မခွဲခြားနိုင်တော့ဘူးလို့သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း တိုးဂိတ်အနီးရပ်ထားတဲ့ ကုန်ကားနှစ်စီးလည်းပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။