Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT နှင့် NUG မဟာမိတ်ဆက်ဆံရေးကော်မတီ ဆွေးနွေး

KIO အနေဖြင့် KPICTမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးညှိနှိုင်းလုပ်ဆောင်လျက်ရှိသည်။

ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT နှင့် NUG မဟာမိတ်ဆက်ဆံရေးကော်မတီ ဆွေးနွေး
ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT နှင့် NUG မဟာမိတ်ဆက်ဆံရေးကော်မတီ ဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ကချင်နိုင်ငံရေးဆိုင်ရာ စုဖွဲ့မှုဖြစ်သည့် Kachin Political Interim Coordination Team (KPICT)တို့ ယမန်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUGက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃၀ရက် နံနက် ၁၀နာရီတွင် အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဂွမ်မော်၊ KPICT ဥက္ကဋ္ဌ ဆရာကြီး တူးရှန် ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး NUG ဘက်က မဟာမိတ်ဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အကြံပေးများနှင့် အတွင်းရေးမှူးများ ပါဝင်တက်ရောက်ခဲ့ကြောင်း အသိပေးသည်။

တွေ့ဆုံစဉ် တော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း အရပ်ရပ်ကို ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကဏ္ဍရပ်များ ပိုမိုအားကောင်းရေး၊ တော်လှန်ရေးအောင်မြင်ရေးအတွက် လက်တွဲဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း NUG တာဝန်ရှိသူများနှင့် ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့် KPICT တာဝန်ရှိသူများ အကြား တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ဖူးသည်။

KIO အနေဖြင့် KPICTမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်သွယ်ပြီး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးညှိနှိုင်းလုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။